ဇာတ်လမ်းအကျဉ်းကတော့ ဂီတကိုအရူးအမူးစွဲလမ်းနေပြီး ဂီတသမားဖြစ်ချင်နေတဲ့ မီဂေးလ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ သူ့မိသားစုကတော့ ဂီတကိုအရမ်းမုန်းတီးနေကြတာပါ။ ဒီလိုမုန်းနေကြတဲ့အကြောင်းအရင်းကတော့ မီဂေးလ်ရဲ့အဘီဖြစ်သူဟာ ဂီတကြောင့် မိသားစုကိုထားခဲ့တဲ့အတွက်ကြောင့်ပါပဲ။ သူ့ရဲ့အိပ်မက်တွေကိုလက်မခံတဲ့မိသားစုတွေနဲ့ အတူနေနေရတာ မီဂေးလ်အတွက်မလွယ်ကူခဲ့ပါဘူး။ တစ်နေ့မှာတော့ ကွယ်လွန်သူနေ့ပွဲတော်ညမှာ ဂီတပြိုင်ပွဲတစ်ခုကျင်းပမယ်လို့ သိလိုက်ရတာအခါ မီဂေးလ်က ဝင်ပြိုင်ချင်ပေမယ့် သူ့မိသားစုတွေက လက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ မီဂေးလ်ဟာ ကွယ်လွန်သူနေ့ပွဲတော်ညမှာ သူ့ခံစားချက်တွေကို အဘီဖြစ်သူရဲ့ဓာတ်ပုံရှေ့မှာရင်ဖွင့်ရင်း သူ့အဘီရဲ့ဂစ်ကိုယူလိုက်တဲ့အခါမှာ တမလွန်ကမ္ဘာကြီးကိုရောက်သွားပါတော့တယ်။ တမလွန်ကမ္ဘာကြီးမှာ မီဂေးလ်တစ်ယောက်တွေကြုံတွေ့ရမလဲ။ သူ့အိပ်မက်တွေကိုရော အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကို သီချင်းကောင်းကောင်းလေးတွေအတူ ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်