6.2
1,642
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4 GB

Credit

500

The Chinese Widow (2017)

History, Romance, War

Credits 500

ဒုတိယကမ္ဘာစစ်ကြီးအတွင်းဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတွေထဲက ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်။ ဂျပန်တွေ အမေရိကန်ပိုင်ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီးနောက်မှာ ဂျပန်ကို တန်ပြန်ဗုံးကြဲဖို့ တာ၀န်ကျတဲ့ ငါးယောက်ပါဗုံးကြဲလေယာဉ်တစ်စီးဟာ တိုကျိုကို တိုက်ပြီးချိန်မှာ အရေးပေါ် အခြေအနေနဲ့ တရုတ်ပြည်မှာ ဆင်းသက်ဖို့ ဖြစ်လာခဲ့ပေမယ့် အဆင်မပြေမှုဖြစ်ပြီး ကပ္ပတိန်တာနာတစ်ယောက် လေထီးနဲ့ခုန်ချရာမှာ တောထဲက သစ်ပင်တစ်ပင်မှာ တွဲလောင်းချိတ်နေခဲ့တယ်။ စစ်တွင်းမှာ လင်ယောက်ျားသေဆုံးပြီး မုဆိုးမဘ၀နဲ့ ပိုးမွေးပိုးချည်မျှင်ငင်ကာ သမီးလေးနဲ့ယောက္ခမနှစ်ယောက်ကို လုပ်ကျွေးနေရတဲ့ ယင်းဟာ သမီးလေးရဲ့ဘ၀ရှေးရေးအတွက် ရွာကနေ ‌အဝေးကြီးကို ထွက်သွားဖို့ ကြိုးစားငွေစုနေခဲ့တယ်။ မုဆိုးမသားမိက အမေရိကန်စစ်သားတစ်ယောက်ကို ကယ်တင်လိုက်မိပြီး ဂျပန်တွေရန်ကနေ ကြိုးစားကာကွယ်ပေးကြတယ်။ ရဲရင့်တည်ငြိမ်ပြီး ကျက်သရေရှိလွန်းတဲ့ The Chinese Widow နေရာကနေ သရုပ်ဆောင်ထားတာကတော့ မမ Liu Yifei ပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်