7.5
36,142
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

2.4 GB

Credit

500

I Lost My Body (2019)

Animation, Drama, Fantasy

Credits 500

ဒီတစ်ခေါက်ညွှန်းပေးချင်တဲ့ ဇာတ်ကားလေးကတော့ နိုင်ငံတကာ Film festival တွေမှာ Awards တွေအများကြီးကို ပိုင်ဆိုင်ထားပြီး Oscar nominee ဝင်ခဲ့တဲ့ France Animated film, "I Lost My Body" ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီ Film မှာ စမ်းသပ်ခန်းက လွတ်ထွက်လာတဲ့ လက်လေးတစ်ဖက်ဟာ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ခန္ဓာကိုယ်ကို ပြန်လိုက်ရှာတဲ့ ခရီးစဉ်တစ်လျှောက်ကို ပြသထားပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်ရှာဖွေတဲ့ ခရီးစဉ်လေးပဲ ဖြစ်ပါတယ်။ ဒီလိုလိုက်ရှာတဲ့အချိန်မှာ အတိတ်က မှတ်ညဏ်တွေ စိတ်ကူးအိပ်မက်တွေကို ပြန်လည်အောက်မေ့ရင်း နာကျင်ဝမ်းနည်းရတဲ့ ခွဲခွာရခြင်းတွေကို ကျော်လွှားနိုင်ဖို ကြိုးစားပုံကို Self-reflection ပုံစံနဲ့ တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ အဲဒီလက်လေးတစ်ဖက်ဟာ သူရှာဖွေနေတဲ့ သူ့ခန္ဓာကိုယ်နဲ့ ပြန်ဆုံနိုင်မလား ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးတာကတော့ Andrea Linn ဖြစ်ပါတယ်