7.1
8,306
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.6 GB

Credit

200

Cold Eyes (2013)

Action, Crime, Thriller

Credits 200

ဇာတ်လမ်းအစမှာ ဘဏ်ကိုဓားပြတိုက်တဲ့ အခန်းကတဖြည်းဖြည်း ဇာတ်ရှိန်မြှင့်အောင် ခေါ်သွားမှာပါ။ ဘဏ်ကိုဓားပြတိုက်ထဲမှာ ပါတဲ့သူတစ်ယောက်ကိုကင်မရာကတွေ့လိုက်ပြီး မှုခင်းစုံစမ်းစစ်ဆေးရေးခေါင်းဆောင်ဝမ်နဲ့ သူ့လူတွေက မြို့ထဲမှာရက်တော်တော်ကြာအောင် လိုက်ရှာပြီး တရားခံတွေ့သွားတယ်။ တွေ့သွားတော့ တရားခံရဲ့တိုက်ခန်းမှာ ကင်မရာတွေတပ်ပြီး စောင့်ကြည့်ပြီး တရားခံအားလုံးရဲ့ခေါင်းဆောင်ကို အမိဖမ်းဖို့ လိုက်စုံးစမ်းပါတော့တယ်။ခေါင်းဆောင်ဝမ်တို့က ထောက်လှမ်းရေးသာ လုပ်ရတဲ့အတွက် ရန်သူခေါင်းဆောင်ကို တွေ့ပေမယ့် ဖမ်းလို့မရဘူးပေါ့။ ရန်သူဘက်ကလဲ တိကျစေ့စပ်တာလဲ ပါတာပေါ့။ တစ်ဖက်က ဦးဆောင်တဲ့ လူကလဲနောက်ဆုံးအလုပ်ကိုလက်ခံပြီး ကိုရီးယားကနေ ထွက်ပြေးတော့မယ်အချိန်မှာ ကံမကောင်းအကြောင်းမလှဘဲ သူ့အလုပ်လာပေါက်ကြားပြီး နောက်ဆုံးမှာ ဖမ်းမိသွားပါတော့တယ်။ ရန်သူဘက်က ဗျူဟာတွေနဲ့ ရဲဘက်ထောက်လှမ်းရေး ဗျူဟာတွေကို ကြည့်ရှုခံရမယ့်ကားကောင်းလေး တစ်ကားမို့လို့ တင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Hom ဖြစ်ပါတယ်