7.5
31,688
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

Death Note (2006)

Crime, Drama, Fantasy

Credits 200

Death Note လို့ကြားလိုက်တာနဲ့ လက်မကိုက်ကိုက်နေတဲ့ L ဆိုတဲ့စုံထောက်ရယ်၊ လူဆိုးနေရာကနေသ ရုပ်ဆောင်တဲ့ ကီရာ ဆိုတဲ့လူသတ်သမားချောချောလေးရယ်၊ ပန်းသီးကိုက်ကိုက်နေတတ်တဲ့ သေမင်းရယ် ပြေးမြင်းမိကြမှာမလွဲပါဘူး။ ဟုတ်ပါတယ်။ တစ်ချိန်က မြန်မာနိုင်ငံရဲ့ ဆယ်ကျော်သက်တွေရင်ထဲကို ကိုင်လှုပ်သွားခဲ့တဲ့ဇာတ်လမ်းတွေဆိုရင်လည်းမမှားပါဘူး။ ဓါတ်ပုံတွေပိုစတာတွေ စတေကာတွေတော်တော်များများကို သူတို့ပုံလေးတွေနေရာယူသွားခဲ့တာကိုတော့ အကုန်လုံးသိခဲ့ကြမှာပါ။ အခုလည်း ဒီလိုဇာတ်ကားကောင်းလေးကို မကြည့်ရတဲ့သူတွေအတွက်ကော ပြန်ကြည့်ချင်နေတဲ့သူတွေအတွက်ပါ ပြန်တင်ပေးလိုက်ပါတယ်။ ကျေနပ်ကြ မယ်မျှော်လင့်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သာမန်ကျောင်းသားလေး လိုက်ဂါရာမိ(တစ်နေ့ကီရာဖြစ်လာမယ့်သူ)ဟာ လမ်းပေါ်မှာစာအုပ်တစ်အုပ်တွေ့မိရာကနေအစပြုခဲ့ပါတယ်။ ဒီစာအုပ်မှာရေးမိသူတိုင်းဟာ နှလုံးရော၈ါနဲ့ သေဆုံးရမှာကိုသိရှိရာကတစ်ဆင့် သူ့ကိုယ်သူ ကီရာ အဖြစ်ခံယူကာ အပြစ်သားများကို ကိုယ်တိုင်းဆုံးမသုတ်သင်ခဲ့ပါတယ်။ ဒီအမှုအတွက် နာမည်ကြီးစုံထောက် အယ်လ်က ဖော်ထုတ်ပုံကိုတွေ့ရမှာဖြစ်ပါတယ်။ ဉာဏ်ကောင်းသူနှစ်ယောက်အားပြိုင်မှုမှာ ဘယ်သူအနိုင်ရမလဲဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Ku$hKura ဖြစ်ပါတယ်