ဒီကားလေးကတော့ကိုရီးယားနန်းတွင်းကားလေးပါ။
မင်းသား Hyun Bin ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးလဲဖြစ်ပါတယ်။
ဂျိုဆောင်ပြည်နယ်ရဲ့၂၂ဆက်မြောက် ဂျောင်ဂျိုဘုရင်ဟာငယ်စဉ်ကတည်းကခမည်းတော်ဖြစ်သူ
မျက်စိရှေ့မှောက်အဖိုးတော်ထံမှသေမိန့်ပေးခံရတာကိုမြင်ခဲ့ရသူပါ။
တိုင်းပြည်မှာပုန်ကန်သူတွေသစ္စာဖောက်တွေထကြွသောင်းကျန်းချိန်မှာ
ထီးနန်းတက်ရတဲ့ကံဆိုးသူဘုရင်အဖြစ်လည်းနာမည်ကြီးပါတယ်။
သူယုံကြည်တဲ့တစ်ဦးတည်းသောသူကတော့အစ်ကိုလိုသူငယ်ချင်းလိုဖြစ်နေတဲ့ဂတ်ဆိုကုန်းကုန်းပါ။
အဖိုးတော်ရဲ့ဇနီးငယ်လေးဖြစ်တဲ့အဖွားတော်ဟာလည်းလုပ်ကြံမှုထဲပါဝင်ပတ်သက်နေသူပါ။
မယ်တော်ဖြစ်သူဟာလည်းသားတော်လေးကိုတတ်အားသရွေ့ကြိုးစားကာကွယ်ချင်သူ။ မင်းကြီးမသိခဲ့တဲ့
နောက်ကွယ်ကဇာတ်ကြောင်းတွေနဲ့လုပ်ကြံမှုတွေ
တိုင်းပြည်ငြိမ်သက်အောင်စွမ်းဆောင်နိုင်မလားဆိုတာကတော့
နန်းတွင်းကားနှစ်သက်သူတွေလက်မလွတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပါ။