7.7
488,498
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

2.8 GB

Credit

50

Tangled (2010)

Animation, Adventure, Comedy

Credits 50

ဒီဇာတ်ကားကိုလဲ နာမည်ကျော်ကာတွန်းကားတွေ ထုတ်လုပ်တဲ့Walt Disneyကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဇာက်ကားရဲ့ အစမှာတော့တိုင်းပြည်တစ်ပြည်ရဲ့ မိဖုရားကြီးက ကလေးမွေးခါနီး အပြင်းအထန်နာမကျန်းဖြစ်တာကြောင့် အသက်ဆက်ရှင်ဖို့အတွက် ရွှေဝါရောင်နတ်ဆေးပန်းကိုလိုအပ်ခဲ့ပါတယ်။ အဲဒါကြောင့်ဘုရင်ကြီးက တပ်သားတွေ စေလွတ်ပြီးရှာခိုင်းရင်း စုန်းမကြီးက သူ့နုပျိုမှူကို ထိန်းသိမ်းဖို့အတွက် တယုတယသိမ်းထားတဲ့နတ်ပန်းကို ရဲမက်တွေက မတော်တဆတွေ့ပြီး ဘုရှင်ကြီးကို ဆက်သလိုက်ပါတယ်။ မိဖုရားကြီးက အဲဒီနတ်ဆေးပန်းကို စားပြီး ကျန်းမာလာတာကြောင့်ကလေးကို အဆင်ပြေပြေမွေးဖွားနိူင်ခဲ့ပါတယ်။ရွှေဝါရောင်နတ်ဆေးပန်းရဲ့အစွမ်းတွေက မင်းသမီးလေးဆီကို သက်ရောက်ခဲ့ပြီး မွေးကတည်းကမှော်စွမ်းအားရှိတဲ့ ရွှေဝါရောင်ဆံပင်တွေနဲ့အတူ မွေးဖွားလာခဲ့ပါတယ်။အဲဒီကလေးမွေးပြီးမကြာခင်မှာပဲ စုန်းမကြီးရောက်လာပြီးကလေးကိုခိုးကာ တောအုပ်ထဲက မျော်စင့်အမြင့်ကြီးပေါ်မှာပိတ်လှောင်ထားလိုက်ပါတယ်။ စုန်းမကြီးရဲ့ နုပျိုမှူတွေကမင်းသမီးလေးရစ်ပန်ဇယ်ရဲ့ မှော်စွမ်းအားရှိတဲ့ဆံပင်ပေါ်မှာမူတည်နေတာကြောင့် မင်းသမီးလေးကို ကြီးပြင်းအောင် ပြုစုစောင့်ရှောက်ခဲ့ပါတယ်။မင်းသမီးလေး ရစ်ပန်ဇယ် ကတော့ ရဲတိုက်မှာ တစ်ယောက်တည်းအထီးကျန်ရင်း စုန်းမကြီးကို အမေအရင်းလ့ိုထင်ပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ အပြောင်းအလဲကတော့ နန်းတော်ထဲက သရဖူကို ခိုးရင်ထွက်ပြေးလာတဲ့ သူခိုး ရိုက်ဒါက ရဲတိုက်ထဲကို မတော်တဆရောက်လာတာရင်းမင်းသမီးရစ်ပန်ဇယ်ရဲ့ အကျပ်ကိုင်မှူကြောင့် သူ့ရဲ့တိုင်းပြည်ကနေမင်းသမီးလေးမွေးနေ့ရောက်တိုင်း ပျော်ဆုံးခြင်းအမှတ်တရ လွင့်တဲ့မီးပုံပျံပွဲကို သွားကြည့်ဖို့ လက်ခံပါလိုက်ပါတယ်။ စုန်းမကြီးပြန်ရောက်လာလို့မင်းသမီး ရက်ပန်ဇယ်မရှိတော့မှန်း သိတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ၊မင်းသမီးလေးကို ပြန်ခေါ်နိူင်ဖို့ ဘယ်လိုနည်းလမ်းတွေသုံးမှာလဲ၊မင်းသမီးလေးရက်ပန်ဇယ်ကရော သူ့ရဲ့ အဖေနှင့်အမေအရင်းကိုဘယ်လိုသိသွားမှာလဲဆိုတာတွေနဲ့ စိတ်ဝင်တစ်စားကြည့်ရှူခံစားရမဲ့ကာတွန်းကားပါ။ IMDBရဲ့ Movie ratingမှာ 7.7/10အထိ ရရှိထားတဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်