ဇာတ်လမ်းအကျဥ်းကို ပြောရရင်တော့ လူသူအသွားလာ ရှားပါးတဲ့ နော်ဝေးမြောက်ပိုင်းမှာ ခရစ်စမတ် အားလပ်ရက်အတွင်း အမေ့အိမ်ကို ပြန်လာတဲ့ အီဒါ နဲ့ သူ့ အမေတူ အဖေကွဲ ညီမလေးတုဗွါတို့ ငယ်ငယ်ကတည်းက လုပ်လေ့ရှိတဲ့ ရေငုပ်ကြဖို့ ဆုံးဖြတ်ခဲ့ရာမှာ ညီမဖြစ်သူ ရေအောက်မှာ ကျောက်တုံးအောက်ပိတ်မိလို့ ကယ်တင်ဖို့ ကြိုးစားရတဲ့ သည်းထိတ်ရင်ဖို အမျိုးစားဖြစ်ပါတယ်
ဒီတော့ ဇာတ်လမ်းဇာတ်အိမ်ကတော့ သိပ်မထူးခြားလှပါဘူး ။ ဟုတ်ပါတယ် ထူးထူးဆန်းဆန်းရယ်လို့ မပါပါဘူး ။ ကြာချိန်ကလည်း ၁နာရီ ကျော်ကျော်လေးသာ ရှိပါတယ် ။ ဒါပေမဲ့ Setting ပိုင်းရော Production ပိုင်းရောက ကောင်းပါတယ် ။ ကြည့်နေတဲ့ အချိန်တွင်း Landscape တွေကလည်း မျက်တောင်တစ်ချက် မမှိတ်မိအောင်ကို ဆွဲဆောင်မှုရှိပါတယ် ။
” နင့် ညီမသေသွားရင် နင့်မှာ တာဝန်ရှိတယ် ” ဆိုပြီး ငယ်ကတည်းက မိခင်က နောက် ယောက်ကျားနဲ့ ရတဲ့ ညီမငယ်ကို ပိုပြီး မျက်နှာသာပေးတယ်လို့ မှတ်ယူခဲ့ပြီး အီဒါတစ်ယောက် စိတ်အားငယ်ခဲ့ရ ၊ သိမ်ငယ်ခဲ့ရတယ် ။ ပြီးတော့လည်း ဒါတွေက မိဘတွေ ကွာရှင်းခဲ့ရတာကြောင့်လို့ ယူဆထားခဲ့ပါတယ် ။
ဒီလိုနဲ့ အီဒါက မိခင်နဲ့ ဝေးရာကို ထွက်သွားခဲ့ပြီး ကိုယ်ပိုင်မိသားစု တစ်ခု ထူထောင်နိုင်ခဲ့တာတောင် သူ့ရဲ့ စိတ်ဒဏ်ရာက မပျောက်ခဲ့ပါဘူး။ အဆင်မပြေနိုင်တဲ့အိမ်ထောင်ရေးကို ကလေးတွေ မျက်နှာနဲ့ ဒုက္ခခံပြီး ညှိဖို့ ကြိုးစားနေသူပါ ။
ဒီအကြောင်းကိုလည်း မိခင်ရဲ့ အထင်သေးမှုကို ခံရမှာဆိုးလို့ ရင်မဖွင့်နိုင်အောင် ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းပါးပါတယ် ။
ဒါပေမဲ့ သူ့ညီမ တုဗွါကတော့ Confidence အပြည့်ရှိတယ် ။ မိခင်ရဲ့ ယုံကြည်မှု ၊ အားပေးမှုကိုရထားတာကိုး ။ တုဗွါနဲ့ သူတို့အမေက အမှတ်တရတွေ များသလောက် အီဒါ့မှာ မယ်မယ်ရရ ထောက်ပြစရာမရှိပါဘူး ။
ဒီဟာတွေထဲကမှ အီဒါမှာ ငယ်ငယ်ကတည်းက ခြောက်လှန့်လာခဲ့တဲ့ အိမ်မက်ဆိုး တစ်ခုရှိတယ် ။ တုဗွါ ရေနစ်တော့ မကယ်နိုင်ခဲ့တာပါ ။ ဒီတစ်ခါရော သူ့ ညီမလေးကို မိခင်ရဲ့ အကူညီမပါပဲ ကယ်တင်နိုင်ပါ့အုန်းမလားဆိုတာ အဖြေရှာရမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်
နော်ဝေးမင်းသမီးချောနှစ်ယောက်ဖြစ်တဲ့ Moa Gammel ( အီဒါ ) နဲ့ Madeleine Martin ( တုဗွါ ) တို့ အပိုလိုမရှိ သရုပ်ဆောင်ထားပါတယ်
ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Kaung Myat Hein ဖြစ်ပါတယ်