App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Victory or Escape to Victory လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမနီတွေရဲ့ဝါဒဖြန့်ဘောလုံးကစားပွဲမှာ ဉရောပနိုင်ငံက စစ်အကျဉ်းသားတွေ ယှဉ်ကစားရတာကို ပုံဖော်ထားပါတယ်။
စစ်ရှုံးပြီး ဂျာမနီလက်အောက်ခံဖြစ်နေတဲ့ ဉရောပစစ်သားတွေက ဂျာမနီစစ်စခန်းတွေမှာ အကျဉ်းသားအဖြစ်နေနေရာကနေ ဘောလုံးပြိုင်ကန်ဖို့ ဖြစ်သွားပါတယ်။ အစီအစဉ်က ပဲရစ်က ကိုလုံအားကစားကွင်းကြီးထဲမှာ ဂျာမနီရဲ့လက်ရွေးစင်အသင်းနဲ့ အကျဉ်းသားအသင်း ယှဉ်ကစားရမှာဖြစ်ပြီး ပထမပိုင်းပြီးရင် မြေအောက်ရေဆိုးမြောင်းကနေ အသင်းတစ်သင်းလုံး ထွက်ပြေးလို့ရအောင် အထက်လူကြီးတွေက စီစဉ်ထားတာပါ။
ပွဲနေ့မှာ ဉရောပဘက်ကအသင်းက ကစားသမားတွေက ဂျာမန်တွေလောက်မတော်ပေမယ့် ကြိုးစားကစားကြပါတယ်။ သေနတ်ကိုင် စစ်သားတွေ အပြည့်စောင့်ကြပ်နေတဲ့ ကွင်းတစ်ခုလုံးမှာ သူတို့အသင်းကို အားပေးတဲ့ ပရိသတ်တွေကြီးပဲဆိုပေမယ့် ဂျာမနီရဲ့ဝါဒဖြန့်လမ်းစဉ်အတိုင်း ဂျာမနီအသင်းကိုပဲ အားပေးတဲ့ပုံစံလုပ်ထားတာကို တွေ့ရဦးမှာပါ။
နောက်ဆုံးမှာ သူတို့အသင်းထွက်ပြေးမယ့် အစီအစဉ်အောင်မြင်သွားလား ဂျာမန်တွေဘက်ကပဲ အသာစီးရပြီး ဘောလုံးပွဲနိုင်သွားလားဆိုတာ ဆက်လက်ရှုစားပေးကြပါဦး။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်