5.9
82,248
...

Video Quality

Blu-ray 1080p

Audio Quality

TrueHD 5.1

File Size

3.7 GB

Credit

500

The Ruins (2008)

Adventure, Horror, Thriller

Credits 500

အသွားမတော်တစ်လှမ်းဆိုသလိုပဲ အပျော်ခရီးထွက်လာရာကနေ အဖော်ကောင်းလို့ ရှေးဟောင်းမြေကို သွားမိတဲ့ လူငယ်တစ်စု ထိတ်လန့်တုန်လှုပ်စရာ အသက်ဘေးနဲ့ ကြုံရတဲ့ Horror ရုပ်ရှင်ဖြစ်ပါတယ်။ ဂျက်ဖ်...အေမီ...စတေစီနဲ့ အဲရစ်တို့က စုံတွဲတွေ ဖြစ်ပြီး မက်ဆီကန်က ကမ်းခြေကို အားလပ်ရက်အပန်းဖြေခရီးထွက်လာကြတာပါ။ မပြန်ခင်တစ်ရက်အလိုမှာ ဒီမီထရီဆိုတဲ့ ဂျာမန်တိုးရစ်နဲ့ တွေ့ပြီး သူအပြောကောင်းတာနဲ့ မာယန်ဘုရားကျောင်းဆိုတဲ့နေရာကို အတူလိုက်သွားကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီမီထရီက သူ့ညီရှေးဟောင်းသုတေသနပညာရှင်စုံတွဲ မာယန်နယ်မြေကို သွားတူးဖော်ရင်ပြန်မလာတဲ့အတွက် သွားရှာမှာပါ။ကားတစ်တန် ခြေလျင်တစ်တန်နဲ့ အဆင့်ဆင့်သွားပြီး နောက်ဆုံးမှာ မာယန်ဘုရားကျောင်းကိုရောက်သွားပါတယ်။ အဲ့ဒီမှာပဲ မာယန်ရွာသားတွေနဲ့ ရောက်လာပြီး သူတို့ကို ဒေါသတကြီး သူတို့ဘာသာစကားနဲ့ ကြိမ်းမောင်းပါတယ်။ သူတို့တွေ အဲ့က နွယ်ပင်တွေနဲ့ ထိမိသွားတဲ့အခါမှာ သူတို့ထဲက တစ်ယောက်ကို ပစ်သတ်လိုက်ပါတယ်။ အေမီတို့ ဘုရားကျောင်းကုန်းပေါ် တက်ပြေးတာကိုတော့ လိုက်မလာကြသလို ထွက်သွားခွင့်လည်း မပေးပါဘူး....နောက်မှ အဲ့နွယ်ပင်တွေက အသားစားတဲ့ သက်ရှိအပင်တွေဖြစ်ပြီး ပျောက်သွားတဲ့စုံတွဲကလည်း သူတို့လက်ချက်ကြောင့် သေသွားတာသိလိုက်ရတဲ့အခါ...ကြောက်စရာနွယ်ပင်တွေ လက်က လွတ်အောင် သူတို့တွေကြံဆောင်နိုင်ပါ့မလားဆိုတာ....ဆက်လက်အားပေးလိုက်ကြပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။