4.0
171,025
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.3 GB

Credit

100

The Last Airbender (2010)

Action, Adventure, Family

Credits 100

ဒီတစ်ခေါက်မှာတော့ (2010) တုန်းက ထွက်ရှိခဲ့တဲ့ **The Last Airbender** ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လတ်တလောမှာပဲ ဇာတ်လမ်းတွဲအနေနဲ့ပါ ထွက်ရှိလာတာကြောင့် အရင်ကရုပ်ရှင်ကို ပြန်ကြည့်ချင်တဲ့ ပရိသတ်တွေရော လုံးဝ မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်ပါ လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ ဇာတ်လမ်းကတော့ ကမ္ဘာကြီးထဲမှာ လေ ရေ မြေ မီး ဆိုတဲ့ တိုင်းပြည် (၄) ခုဟာ နတ်ဝိညာဥ်တွေရဲ့ စောင့်ရှောက် လမ်းပြမှုအောက်မှာ အတူတကွ နေထိုင်ကြပါတယ်။ တကယ်တမ်း နတ်ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်ဖို့ဆိုတာ လေ ရေ မြေ မီး စွမ်းအား (၄) မျိုးလုံးကို ထိန်းချုပ်နိုင်တဲ့ အဗတ်တာ တစ်‌ယောက်ကသာ လုပ်နိုင်စွမ်းရှိတာပါ။ တစ်ချိန်မှာတော့ နတ်တွေနဲ့ အတူမနေချင်တဲ့ မီးတိုင်းပြည်က ကျန်တဲ့တိုင်းပြည်တွေကိုပါ ကျူးကျော်လာပါတော့တယ်။ ဒါပေမဲ့ ကမ္ဘာကြီးမှာ အဗတ်တာဟာ အချိန်အတော်‌ကြာပျောက်ကွယ်နေတဲ့အတွက် မီးတိုင်းပြည်ရဲ့ ကျူးကျော်မှုတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရေမျိုးနွယ်က ကတ်တာရာနဲ့ ဆော့ကာ ဆိုတဲ့ မောင်နှမနှစ်ယောက်က ရေခဲတုံးထဲမှာ ပိတ်မိနေတဲ့ **အန်း** ကို တွေ့သွားပြီး ကယ်ထုတ်လိုက်ပါတယ်။ အန်း ဟာ လေမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အဗတ်တာ ဖြစ်နေမှန်း သိသွားတဲ့အခါမှာတော့... မီးတိုင်းပြည်ကရော အဗတ်တာကို မရရအောင် ဘယ်လိုလိုက်ဖမ်းမလဲ။ အန်း ကရော ရေမျိုးနွယ်က မောင်နှမနှစ်ယောက်နဲ့အတူ စွန့်စားပြီး မီးတိုင်းပြည်ရဲ့ ကျူးကျော်စစ်တွေကို ဘယ်လို တားဆီးမလဲ ဆိုတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Max ဖြစ်ပါတယ်