4.8
44,740
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.3 GB

Credit

500

American Pie Presents: The Book of Love (2009)

Comedy

Credits 500

American Pie ရုပ်ရှင်ကို ပထမဆုံးထုတ်လွှင့်ခဲ့ပြီး ၁၀နှစ်အကြာမှာတော့ အရှေ့ဂရိတ်ဖောစ်အထက်တန်းကျောင်းက ဘုမသိဘမသိ ဆယ်ကျော်သက်ကောင်လေး၃ယောက်ဟာ သူတို့ကျောင်းရဲ့စာကြည့်တိုက်မှာဖွက်ထားခဲ့တဲ့ ကျမ်းစာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့ကြပါတယ်။ အဲဒီကျမ်းစာအုပ်ကတော့ သူတို့၃ယောက်လို ဘာမှမသိနားမလည်တဲ့ဆယ်ကျော်သက်ကောင်လေးအတွက် လက်တည့်စမ်းနည်းတွေကို ရေးသားပြုစုထားတဲ့ ကျမ်းစာအုပ်ပါ။ ဒါပေမဲ့ သူတို့ရှာတွေ့တဲ့အချိန်မှာ စာအုပ်ကပျက်စီးနေခဲ့ပါပြီ။ စာအုပ်ထဲက တစ်ဝက်တစ်ပျက်အကြံပေးစာတွေကိုဖတ်ပြီး အဲထဲကအတိုင်း အပြင်မှာလက်တည့်စမ်းကြတဲ့အခါ ဘယ်လိုပေါက်ကရအဖြစ်အပျက်တွေဖြစ်လာဦးမလဲ။ ဒီကျမ်းစာအုပ်ကရော သူတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်အောင် လမ်းညွှန်ပေးနိုင်ပါ့မလား။ ဒါမှမဟုတ် အလွဲပေါင်းများစွာနဲ့ ရှုံးနိမ့်သွားကြမလားဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။ ကလေးသူငယ်များ ကြည့်ရှုရန်မသင့်တော်တဲ့ စကားအသုံးအနှုန်းများ၊ ဇာတ်ဝင်ခန်းများပါဝင်ကြောင်း ကြိုတင်အသိပေးပါရစေ။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။