6.1
137,021
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.8 GB

Credit

100

Mortal Engines (2018)

Action, Adventure, Fantasy

Credits 100

အနာဂတ်ကာလတစ်ခုမှာ Sixty-Minute War လို့ခေါ်တဲ့ ကမ္ဘာဖျက်စစ်ပွဲကြီးက လူသားတို့နေထိုင်ရာ လောကကြီးကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့ပါတယ်။စစ်ပွဲအတွင်းမှာ အသက်ရှင်ကျန်ရစ်တဲ့ လူမျိုးစုတွေဟာ စက်အင်ဂျင်တွေ၊ ဧရာမဘီးတွေ တပ်ဆင်ထားပြီး ကမ္ဘာအနှံ့ လှည့်လည်ရွေ့လျားသွားလာနိုင်တဲ့ မြို့ကြီးပြကြီးတွေပေါ်မှာ နေထိုင်ခဲ့ကြပါတယ်။လန်ဒန်အပါအဝင် အင်အားကြီးမြို့တွေက မြို့ငယ်လေးတွေကို ဝါးမျိုသိမ်းပိုက်နေကြသလို အဲဒီ့စနစ်ကိုဆန့်ကျင်တဲ့ anti-traction အင်အားစုကလည်း အာရှတိုက်မှာ ခြေကုပ်ယူနေကြပါတယ်။ ကျွန်တော်တို့ လက်ရှိအသုံးပြုနေကြတဲ့ ကွန်ပျူတာတွေ၊ စမတ်ဖုန်းတွေက အဲဒီ့ခေတ်မှာ “Old-Tech” အမွေအနှစ်စာရင်းဝင် ဖြစ်သွားခဲ့ပါပြီ။ “iPhone ဆိုတာ ပြတိုက်မှာသွားကြည့်ရမယ်” ဆိုတဲ့ ခေတ်မျိုးပေါ့ဗျာ။ Alternate reality ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း စနစ်တစ်ခုအနည်ထိုင်လာရင် တော်လှန်ပုန်ကန်သူတွေ ရှိလာတာပါပဲ။ Mortal engines ရဲ့ တော်လှန်ရေးသမားကတော့ Salzhaken ဆိုတဲ့ လန်ဒန်လက်အောက်ခံ မြို့ငယ်လေးက မိန်းကလေး Hester Shaw ပါ။သူမဟာ သမိုင်းပညာရှင်အဖွဲ့ခေါင်းဆောင် Thaddeus Valentine ကို ရန်ငြိုးတစ်ခုကြောင့် လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေသူဖြစ်ပြီး Valentine ရဲ့လက်ထောက် ဘုမသိဘမသိ ဆယ်ကျော်သက်လေး Tom ကြောင့် လုပ်ကြံမှု မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် Hester အမေ သေဆုံးရတာဟာ Valentine လက်ချက်ဖြစ်ကြောင်း Tom သိသွားတဲ့အခါValentine ရဲ့ နောက်လိုက်ဘဝကနေ ကန်ထုတ်ခံရတော့တာပါပဲ။ Tom နဲ့ Hester နှစ်ယောက်သား ရွေ့လျားမြို့တော်ကြီးတွေ အမဲလိုက်ကျက်စားနေတဲ့ The Great Hunting Ground ကိုဖြတ်ပြီး Scuttlebug လို့ခေါ်တဲ့ ဒုက္ခသည်စခန်းမြို့လေးဆီ အရောက်သွားနိုင်ခဲ့ပေမယ့် ကျွန်အဖြစ် ရောင်းစားခံခဲ့ရပြန်ပါတယ်။အဲဒီ့အချိန်မှာပဲ Thaddeus Valentine က သူတို့နှစ်ယောက်ကို လိုက်ရှာဖို့ Stalker ဆိုတဲ့ စက်ရုပ်ကြီးတစ်ရုပ် စေလွှတ်လိုက်တဲ့အခါ… အန္တရာယ်တွေ ပတ်လည်ဝိုင်းနေတဲ့ကြားကနေ Hester နဲ့ Tom တို့ ဘယ်လိုရုန်းထွက်မလဲ ဆိုတာကတော့ ပရိသတ်ကိုယ်တိုင် ဆက်လက်ကြည့်ရှုခံစားရမယ့်အပိုင်း ဖြစ်သွားပါပြီ။ဒီ Mortal Engines ဇာတ်ကားဟာ စာရေးဆရာ Phillip Reeve ကို မှီငြမ်းဆင့်ပွား အသက်သွင်းထားတာ ဖြစ်ပါတယ်။ Plot နဲ့ပတ်သက်လို့ ဝေဖန်မှုတွေ အများအပြားရှိခဲ့ပေမယ့် graphic ပိုင်းကို တော်တော်အားထည့်ထားတာမို့ ပရိသတ်ကို စွဲဆောင်ဖမ်းစားနိုင်မှာပါ။