6.4
22,141
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

4.8 GB

Credit

50

The Personal History of David Copperfield (2019)

Comedy, Drama

Credits 50

ဒီဇာတ်ကားကတော့ နာမည်ကြီးအင်္ဂလိပ်စာရေးဆရာ ချားလ်ဒစ်ကန်ရဲ့ ဒေးဗစ်ကော်ပါဖီးလ် ဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတာပါ ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်ကတော့ ဒေးဗစ်ကော်ပါဖီးလ်ဆိုတဲ့သူပါ။ သူ့ဘဝမွေးစကနေ အရွယ်ရောက်သည်အထိ တွေ့ ကြုံခဲ့ရတဲ့ မိတ်ဆွေတွေ၊ ရန်သူတွေ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေကိုရိုက်ကူးပြထားတဲ့အတွက် လူ့သဘာဝအမျိုးမျိုးကို လေ့လာနိုင်တဲ့အပြင် ရသမျိုးစုံကိုပါ ခံစားရမှာပါ။ ဒါ့အပြင် လောကဒဏ်ရဲ့ရိုက်ခတ်မှုတွေ၊ လူ့ဘဝကို တစ်သမတ်တည်းမှတ်ယူလို့မရဘူးဆိုတာတွေ စတဲ့ စတဲ့ သင်ခန်းစာတွေအပြင် အခြားသင်ခန်းစာတွေလည်း ယူတတ်ရင်ယူတတ်သလို ရဦးမှာပါ။ နာမည်ကြီးစာရေးဆရာရဲ့ဝတ္ထုဖြစ်သလို ၁၈၅၀မှာထုတ်ဝေထားတဲ့စာအုပ်ကို ပြန်ရိုက်ထားတာမလို့ အဲ့ခေတ်က အင်္ဂလိပ်စကားပြောပုံပြောဟန်၊ လူနေမှုပုံစံ၊ လူတန်းစားအလွှာစုံ စတာတွေကို လေ့လာချင်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Kyam ဖြစ်ပါတယ်