6.2
3,138
...

Video Quality

Blu-ray 1080p

Audio Quality

E-AC3 5.1

File Size

2.1 GB

Credit

100

Fireheart (2022)

Animation, Adventure, Comedy

Credits 100

အသက်၁၆နှစ်အရွယ် ဂျော်ဂျာနိုလန်ဆိုတဲ့ကောင်မလေးမှာ ငယ်စဉ်ကတည်းက ကမ္ဘာ့ပထမဆုံးအမျိုးသမီးမီးသတ်ဝန်ထမ်းဖြစ်ချင်တဲ့အိပ်မက်တစ်ခုရှိနေခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဖေ မီးသတ်ဝန်ထမ်းဟောင်း ရွှန်းနိုလန်ကအကြောင်းကိစ္စတစ်ခုခုပြပြီး သမီးဖြစ်သူရဲ့အဲဒီအိပ်မက်ကိုလက်လျှော့အောင်ကြိုးစားပါတယ်။ ဂျော်ဂျာရဲ့အိပ်မက်ကတော့ ပျောက်ပျက်မသွားဘဲ သူ့အဖေမသိအောင်တိတ်တဆိတ်လေ့ကျင့်ရေးတွေလုပ်နေခဲ့ပါတယ်။ သူတို့နေထိုင်ရာမြို့မှာ မီးရှို့တဲ့သူတစ်ယောက်ကပြဇာတ်ရုံတွေကိုမီးလိုက်ရှို့နေပြီး ထူးဆန်းတာက မီးငြှိမ်းဖို့သွားတဲ့မီးသတ်သမားတွေအားလုံး ပျောက်သွားကြပါတယ်။ တစ်မြို့လုံးကမီးသတ်သမားတွေမရှိတော့တဲ့အခါ မြို့တော်ဝန်က ရွှန်းနိုလန်ကိုအကူအညီတောင်းပါတော့တယ်။ ရဲရင့်တက်ကြွတဲ့မီးသတ်သမားဖြစ်ချင်နေသူ ဂျော်ဂျာနိုလန်တစ်ယောက် မြို့တော်ရဲ့ထူးဆန်းမီးလောင်ကျွမ်းမှုကို တာဝန်ယူတော့မဲ့သူ့အဖေကို ဘယ်လိုပုံစံနဲ့သူကူညီမလဲ။ သူတို့သားအဖနှစ်ယောက် ဒီမီးရှို့မှုအရင်းအမြစ်ကိုရှာဖွေဖော်ထုတ်နိုင်ကြပါ့မလား။ချစ်စရာAnimationတွေနဲ့ရိုက်ကူးပြထားတဲ့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်။ ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။