6.3
221,992
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

Shrek Forever After (2010)

Animation, Adventure, Comedy

Credits 200

ဒီတစ်ခေါက် ရုပ်ရှင်ဇာတ်ကားလေးကတော့ အကုန်လုံး သဘောကျကြတဲ့ အစိမ်းရောင်ဘီလူးကြီး ရှရန့် ကားလေး ဖြစ်တဲ့ Shrek Forever after ကားလေးပဲ ဖြစ်ပါတယ်။ ရှရန့် တစ်ယောက် မင်းသမီးလေး ဖီအိုနာကို အချစ်စစ်အနမ်းပေးပြီး မိသားစု ဘဝလေး ထူထောင်နေတဲ့ အချိန် ဘယ်လို ပျော်ရွှင်မှုတွေ ဘယ်လို မိသားစုပြသနာလေးတွေနဲ့ ကြုံတွေ့ရမလဲ ပျော်စရာကောင်းတဲ့ မိသားစု ဘဝကိုရထားပေမယ့် အရင်လို လူအများက ကြောက်ရွံပြီး လွတ်လွတ်လပ်လပ်နေရတဲ့ ဘီလူးဘဝကို တစ်ရက်လောက်ပြန်လိုချင်လို့ ရမ်ပယ်စတော့စကင် ဆိုတဲ့ မှော်ဆရာလေးဆီမှာ အပေးအယူစာချုပ်ချုပ်လိုက်မိတဲ့ အခါ၊ သူလိုချင်တဲ့ နေ့တစ်နေ့ရဖို့ သူ့ဘဝကြီးနဲ့ ချီပြီး ဘာတွေပြန်ပေးဆပ်ရမလဲ ၊ မရှိတော့မှ တန်ဖိုးသိပြီး သူ့ရဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးတွေ သူ့ကိုချစ်တဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အရင်လိုလေး ပြန်နေနိုင်ဖို့ စာချုပ်ဖျက်ပယ်ဖို့ ဘာတွေလိုအပ်မလဲ၊ ရမ်ပယ် ရဲ့ ပါးနပ်လွန်းတဲ့ နည်းလမ်းတွေ မှော်ပညာတွေကို ဘယ်လို အန်တုပြီး စာချုပ်ဖျက်ပယ်ဖို့ အစွမ်းကုန်ကြိုးစားသွားမလဲ၊ သူ့ရဲ့ ပျော်ရွှင်စရာ မိသားစု ဘဝလေးကိုရော ပြန်ပြီး ရနိုင်ပါ့မလား ဆိုတာ ဇာတ်ကားလေးထဲမှာပဲ အတူတူ ကြည့်ရှူကြရအောင်။ Animation ရုပ်ရှင် ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ တကယ့်ကို ဇာတ်ကားကောင်းလေးပါပဲနော်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။