6.8
290,628
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.8 GB

Credit

200

Hannibal (2001)

Crime, Drama, Thriller

Credits 200

စိတ္တဇလူသတ်သမားဇာတ်လမ်းတွေ အများကြီးထဲကမှ ဒီဇာတ်လမ်းကတော့ လူသတ်သမားက သူသတ်တဲ့သားကောင်တွေကို စားတဲ့ဇာတ်ကားပါ။ ဒီဇာတ်လမ်းမှာ ဒေါက်တာဟန်နီဘယ်လက်တာက ကမ္ဘာ့အလိုချင်ဆုံး ရာဇဝတ်ကောင်စာရင်း ၁၀ မှာ ပါဝင်တဲ့သူပါ။ သူသတ်ခဲ့တဲ့သားကောင်တွေထဲမှာ မေဆွန်ဗာဂျာဆိုတဲ့သူက သူ့လက်ကနေထွက်ပြေးလွှတ်မြောက်ခဲ့တဲ့ တစ်ဦးတည်းသော သားကောင်ပါ။ ဒေါက်တာလက်တာလက်ကနေလွှတ်မြောက်ခဲ့တဲ့ မေဆွန်ကဒေါက်တာလက်တာကို ကလဲ့စားချေဖို့ သေချာစီစဥ်နေပါတယ်။ ဒေါက်တာလက်တာကို သူ့သားကောင်ဟောင်း မေဆွန်ကပဲ လိုက်ရှာနေတာမဟုတ်ဘဲ အက်ဘီအိုင်အထူးအေးဂျင့်မချောချောလေး စတာလင်ကလည်း အသည်းအသန်လိုက်ရှာနေပါတယ်။ ဒေါက်တာလက်တာကို သားကောင်ဟောင်းဖြစ်တဲ့မေဆွန်ကပဲ ကလဲ့စားချေနိုင်မလား၊အေးဂျင့်စတာလင်ကပဲ ဖမ်းဆီးလိုက်နိုင်မလားဆိုတာကို ဖြည်းဖြည်းချင်းစိတ်ဝင်တစားတွေ့ရမှာဖြစ်ပါတယ်။ စိတ္တဇလူသားစားလူသတ်သမားကြီးရဲ့ ချစ်တတ်တဲ့နှလုံးသားကိုလည်း တွေ့ရမှာဆိုတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားဆိုတာတော့ အသေအချာပါပဲ။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ Marip Pan ဖြစ်ပါတယ်