Jennifer Lopez ပါဝင်သရုပ်ဆောင်ထားတဲ့ psycho, thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။
Jennifer က ဆယ်ကျော်သက်အရွယ် သားဖြစ်သူကယ်ဗင်ရဲ့မိခင် ကလယ်ရီဖြစ်ပြီး အထက်တန်းကျောင်းမှာ ဂန္တဝင်စာပေသင်ကြားပေးတဲ့ ဆရာမဖြစ်ပါတယ်။ ကလယ်ရီရဲ့ခင်ပွန်းဂယ်ရက်က အိမ်ထောင်သည်ဘဝမှာဖောက်ပြန်တဲ့အတွက် ကွာရှင်းဖို့ ပြင်နေကြတာပါ။ ဂယ်ရက်က သူ့အမှားသူသိပြီး တောင်းပန်ပေမယ့် ကလယ်ရီက ပြန်လက်မခံသေးပါဘူး။
အဲ့မှာပဲ သူတို့ဘေးအိမ်ကို နိုအာဆိုတဲ့ သူမသားနဲ့ ရွယ်တူကောင်လေး ရောက်လာပါတယ်။ နိုအာက ကယ်ဗင်ရဲ့ သူငယ်ချင်းကောင်းဖြစ်လာပြီး ကလယ်ရီနဲ့ပါ ရင်းနှီးလာပါတယ်။ တစ်ညမှာတော့ ကလယ်ရီမူးနေပြီး နိုအာနဲ့ တစ်ညတာမှားမိတဲ့အခါ...
ဒီတိုင်းအမှားတစ်ခုပဲဆိုပြီး မေ့ပစ်လိုက်ချင်ပေမယ့် နိုအာက psychopath တစ်ယောက်ဖြစ်ပြီး ကလယ်ရီကိုရဖို့ နည်းမျိုးစုံသုံးလာတဲ့အခါ...ကလယ်ရီတစ်ယောက် သူမသားနဲ့ခင်ပွန်းကို အန္တရာယ်က လွတ်အောင် ကြိုးပမ်းရပါတော့တယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်