4.8
3,722
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

3.6 GB

Credit

500

Kung Fu Dunk (2008)

Action, Comedy, Sport

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Kung Fu Dunk လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ငယ်ငယ်တုန်းက Shaolin Soccer ကို ကြည့်လို့ကြိုက်နှစ်သက်ရင် ဒီဇာတ်ကားကို ကြိုက်မှာလည်း အသေချာပါပဲ။ ကွန်ဖူးနဲ့ဘတ်စကတ်ဘောကို ရောနှောထားတဲ့ Comady အမျိုးအစား‌။ အဓိက ဇာတ်ဆောင်တွေက‌တော့ အဆိုတော် Jay Chou, Chen Bo Lin နဲ့ Baro Chen တို့က ပါ၀င်ထားပါတယ်။ ဘတ်စကတ်ဘောကစားကွင်းနားကနေ ကောက်ရတာတဲ့ကလေးလေးတစ်ယောက်ကို သိုင်းဆရာကြီးတစ်ယောက်ဆီမှာ အပ်ထားခဲ့တယ်။ ဒါပေမယ့် သိုင်းဆရာက သိုင်းကျင့်မှားသွားပြီး ကလေးလေးအရွယ်မရောက်ခင်မှာပဲ ဆုံးပါးသွားခဲ့တော့ ကလေးဟာ တစ်ခြားဆရာတွေဆီမှာ အနိုင်ကျင့်ခံပြီး ကြီးပြင်းလာခဲ့ရတယ်။ တစ်ညမှာ ကျောင်းကမောင်းထုတ်လိုက်လို့ ပန်းခြံမှာ ထိုင်နေတုန်း လူတစ်ယောက်နဲ့ တွေ့ခဲ့ပြီး ထိုလူက ကောင်လေးမှာ ရှိနေတဲ့ အရည်ချင်းတစ်ခုကို သတိထားမိသွားခဲ့တယ်။ နောက်ကျတော့ ကျောင်းကနေအပြီးအပိုင် မောင်းထုတ်ခံလိုက်ရတော့ ပန်းခြံမှာတွေ့ခဲ့တဲ့ လူကြီးစီစဉ်တဲ့ အစီစဉ်အတိုင်းလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အစီစဉ်က‌တော့ ဘတ်စကတ်ဘောကစားရင်း မိဘရင်းတွေကို ရှာမယ်ဆိုတဲ့‌ေခါင်းင်းစဉ်နဲ့ လူစိတ်၀င်စားအောင်လုပ်ပြီး တက္ကသိုလ်‌ဘတ်စကတ်ဘောအသင်းထဲ ၀င်တာပါပဲ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်