5.5
8,015
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.1 GB

Credit

100

Naked Weapon (2002)

Action, Crime, Drama

Credits 100

အရင်တုန်းကထွက်ရှိခဲ့တဲ့ဟောင်ကောင်ဂျက်မဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်ပုံမြင်တာနဲ့တော်တော်များများတန်းသိကြမဲ့ဂန္တဝင်ဇာတ်ဝင်ခန်းကြီးပါဝင်တဲ့ Naked Weapon ဆိုတဲ့ ၂၀၀၂ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအစမှာတော့စုံထောက်တွေကကမ္ဘာပတ်ပြီးသောင်းကျန်းနေတဲ့အမျိုးသမီးလုပ်ကြံရေးသမားတစ်ယောက်နောက်ကိုလိုက်စုံစမ်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုနဲ့သူတို့ဝင်ဖမ်းမယ်လုပ်တဲ့အချိန်မှာအဲ့ဒီအမျိုးသမီးကသေဆုံးသွားပါတော့တယ်။ဒါကြောင့်ဒီအမှုအတွက်လမ်းစပျောက်သွားခဲ့ပေမဲ့တကယ်တမ်းအဲ့ဒီအမျိုးသမီးလုပ်ကြံရေးသမားရဲ့နောက်ကွယ်မှာလူတစ်ယောက်ရှိနေခဲ့ပါတယ်။သူကတော့မဒမ်အမ်လို့ခေါ်ပြီးအသက် ၁၃ နှစ်အရွယ်ဝန်းကျင်မိန်းကလေးတွေကိုစုဆောင်းပြီးလုပ်ကြံရေးသမားကောင်းတစ်ယောက်ဖြစ်လာအောင်လေ့ကျင့်ပေးနေသူတစ်ယောက်ဖြစ်ပါတယ်။အခုလဲသူ့ရဲ့အတော်ဆုံးလုပ်ကြံရေးသမားသေဆုံးသွားတဲ့အတွက်နောက်ထပ်မိန်းကလေးတစ်သုတ်ကိုရှာဖွေလေ့ကျင့်ပေးခဲ့ပါတော့တယ်။ အဲ့ဒီထဲမှာရှာလင်းဆိုတဲ့ကောင်မလေးတစ်ယောက်အပြင်တခြားကောင်မလေးတွေလဲပါခဲ့ပြီးကြမ်းတမ်းခက်ခဲတဲ့လေ့ကျင့်ရေးတွေကိုကျော်ဖြတ်ပြီးနောက်ခြောက်နှစ်အကြာမှာလုပ်ကြံရေးသမားတစ်ယောက်အနေနဲ့အပြင်လောကကိုပြန်ရောက်ရှိလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်