6.5
99,571
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.8 GB

Credit

500

A Haunting in Venice (2023)

Crime, Drama, Horror

Credits 500

စုံထောက်ဇာတ်လမ်းပရိတ်သတ်တွေရင်ထဲမှာ အမြဲနှစ်ခြိုက်ကြတဲ့ စုံထောက်ကြီးတစ်ယောက် ရှိပါတယ်။ သူကတော့ စာရေးဆရာကြီး အဂ္ဂါသာခရစ်စတီး ဖန်တီးရေးသားခဲ့တဲ့ စုံထောက်ဝတ္ထုတွေရဲ့ဇာတ်ကောင် စုံထောက်ကြီး ဟာကျူလီပွဲရိုးပဲဖြစ်ပါတယ်။ ဒီစုံထောက်ကြီးရဲ့ ဇာတ်လမ်းတွေ အများကြီးထဲကမှ 1969 ခုနှစ်က ရေးခဲ့တဲ့ ဟောလိုဝင်းပါတီဆိုတဲ့ ဇာတ်လမ်းကို အကြမ်းဖျဉ်းလေးအခြေခံပြီး ရုပ်ရှင်အဖြစ် ရိုက်ကူးတင်ဆက်ထားတဲ့ A Hunting in Venice ရုပ်ရှင်ဇာတ်ကားကို ဟောလိုဝင်းရာသီစာအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ စုံထောက်ကြီးပွဲရိုးဟာ စုံထောက်ပီပီ ဘုရားမယုံ၊ သရဲမယုံ၊ ဆင်ခြင်တုံတရားနဲ့ သိနိုင်တဲ့ အချက်အလက်တွေကိုပဲ ယုံကြည်တဲ့သူတစ်ဦးပါ။ အနားယူနေတဲ့ ပွဲရိုးကို အစဆွဲခေါ်ပြီး ဗင်းနစ်မြို့က သရဲခြောက်တဲ့ အိမ်ကြီးမှာ လုပ်မယ့် ဟောလိုဝင်းပွဲကို စာရေးဆရာမတစ်ယောက်ကဖိတ်ချလာခဲ့ပါတယ်။ အဲဒီအိမ်ကြီးမှာလုပ်တဲ့ နတ်ကနားပွဲအပြီးမှာပဲ နတ်ဝင်သည်က ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တော့ စုံထောက်ကြီး ပွဲရိုးလည်း ပညာစွမ်းပြရပါတော့တယ်။ တစ်ညအတွင်းမှာပဲ အမှုကို ဘယ်လိုဖော်ထုတ်သွားမလဲ။ နတ်ဝင်သည်ကရော ရိုးရိုးတန်းတန်းသေရတာလား။ သရဲတွေကြောင့်များလား။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Masuji Ono ဖြစ်ပါတယ်။