မြန်မာနိုင်ငံတော်ဂိမ်း MLBB ဆော့တဲ့လူတွေနဲ့ ကိုရီးယားသမိုင်းတွေအကြောင်းဇာတ်ကားတွေကြည့်ဖူးတဲ့သူတွေဆိုရင် ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး လက်ရုံးရည် နှလုံးရည်ပြည့်၀တဲ့ Yi Sun-Shin(လီဆွန်းရှင်း) ဆိုတဲ့စစ်သည်တော်ကြီးကိုကြားဖူးကြမှာပါ။လီဆွန်းရှင်းရဲ့ဇာတ်ကြောင်းတွေ သူတိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေအကြောင်းကိုရှေ့မှာ The Admiral : Roaring Currents နဲ့ Hansan: Rising Dragon ဆိုတဲ့ဇာတ်ကားကောင်းတွေနဲ့တင်ဆက်ပေးခဲ့ပြီး အခုတင်ဆက်ပေးမဲ့ဇာတ်ကားကလည်း သူ့ရာဇဝင်မှာအပြောင်မြောက်ဆုံးနဲ့ သူ့ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့တဲ့နော်ယန်းရေလက်ကြားကတိုက်ပွဲအကြောင်းပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကလည်းတိုက်ပွဲဖြစ်ခဲ့တဲ့နေရာအတိုင်း Noryang : Deadly Sea ဖြစ်ပြီးလက်ရှိ IMDb Rating 6.4 အထိရရှိထားပါတယ်။ကိုရီးယားစစ်သမိုင်းနဲ့ သမိုင်းဝင်တိုက်ပွဲကြီးတွေကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ဒီဇာတ်ကားကစိတ်ဝင်စားစရာကောင်းမှာအမှန်ပါပဲ။အထက်မှာပြောခဲ့တဲ့အတိုင်းဗိုလ်ချုပ်ကြီးလီဆွန်းရှင်းရဲ့နောက်ဆုံးနော်ယန်းတိုက်ပွဲကဂျပန်တွေကိုးရီးယားကိုကျူးကျော်ချိန် ၁၅၉၂ ခုနှစ်နဲ့ ၁၅၉၈ ခုနှစ်ကြားမှာဖြစ်ခဲ့တဲ့စစ်ပွဲအကြီးကြီးပဲဖြစ်ပါတယ်။
ဂျပန်တွေကသူတို့စစ်တပ်ရဲ့ခေါင်းဆောင် တိုယိုတိုမီဟီဒဲယိုရှီရုတ်တရက်သေဆုံးပြီးနောက်မှာအလျင်အမြန်တပ်ဆုတ်ဖို့ကြိုးစားနေတာကို ဗိုလ်ချုပ်ကြီးလီဆွန်းရှင်းကသိခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးကသူတို့ဆီကိုကျူးကျော်တဲ့ဂျပန်စစ်တပ်တွေကိုအမြစ်ဖြတ်သုတ်သင်ပစ်မှဂျပန်တွေနဲ့ဖြစ်နေတဲ့စစ်ကြီးကပြီးဆုံးမယ်လို့တစ်ထစ်ချယုံကြည်ထားပါတယ်။အဲ့ဒါကြောင့်ပဲတရုတ်မင်မင်းဆက်ရဲ့ရေတပ်နဲ့ပူးပေါင်းပြီးဂျပန်ရေတပ်တွေဆုတ်ခွာမဲ့လမ်းကြောင်းကိုပိတ်ထားကာ ဂျပန်စစ်တပ်ကလည်းမရမကထွက်ခွာဖို့ကြိုးစားရင်းနဲ့ဘယ်လိုတိုက်ပွဲကြီးတွေဖြစ်ပြီးအဆုံးသတ်သွားမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့သမိုင်းဝင်ဖြစ်ရပ်မှန်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်