7.4
491,414
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.7 GB

Credit

200

The Terminal (2004)

Comedy, Drama, Romance

Credits 200

တစ်ခါတစ်ရံ ကိုယ့်ဘဝမှာ ဘာမှရွေးချယ်ခွင့်မရှိတော့တဲ့ အချိန်ကို ကြုံဖူးမှာပါ။ အဲ့ဒါဆိုရင်တော့ ဒီရုပ်ရှင်ကို ကြည့်ဖို့အချိန်ကောင်းပါပဲ။ Viktor ဟာ အမေရိကန်လေဆိပ်ကို ရောက်လာတဲ့အချိန်မှာပဲ သူ့နိုင်ငံမှာ အာဏာသိမ်းမှုဖြစ်သွားအတွက် တရားမဝင်နိုင်ငံဖြစ်လာပြီး ပြည်ဝင်ခွင့်ပိတ်ခံလိုက်ရပါတယ်။ အမေရိကန် မြေပေါ်ကိုလည်း ခြေချခွင့်မရ၊ ကိုယ့်နိုင်ငံကိုလည်း ပြန်လို့မရတဲ့ Viktor က လေဆိပ်ထဲမှာပဲ နေရဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် Viktor က လူအများစုလိုစိတ်ဓာတ်ကျမနေဘဲ ခရီးဆောင်အိတ်တစ်လုံးနဲ့လေဆိပ်ထဲမှာပဲ နေထိုင် စားသောက်ပြီး အင်္ဂလိပ်စကားကိုပါ တဖြည်းဖြည်းချင်း သင်ယူခဲ့ပါတယ်။Viktor ဘာရည်ရွယ်ချက်နဲ့ အမေရိကန်လေဆိပ်ကို ရောက်လာရလဲဆိုတာကို ဖော်ပြဖို့ တစ်ကားလုံးကို ငြိမ့်ငြိမ့်လေးနဲ့ မပျင်းရအောင် ဟာသနှောပြီး ရိုက်ကူးထားပါတယ် ဒီရုပ်ရှင်ကို ရှုစားရင်း ကျဉ်းမြောင်းလှတဲ့ ဘဝအခြေအနေကနေ ရုန်းထွက်ဖို့ စိတ်ခွန်အား ရရှိနိုင်မယ်လို့ မျှော်လင့်ရင်း ဒီရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Wutyi ဖြစ်ပါတယ်