6.4
2,726
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.6 GB

Credit

200

Jo Pil-ho: The Dawning Rage (2019)

Action, Crime, Drama

Credits 200

ဒီကားလေးကတော့ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ဒရာမာကားလေးပါ။ ဂျိုဖီဟိုက အကျင့်ပျက် ရဲတစ်ယောက်ပါ။ ရာဇဝတ်သားတွေဆီက လာဘ်စားပြီး အလွတ်ပေးတာ၊ လူဆိုးဂိုဏ်းနဲ့ပေါင်းပြီး ခွင်ဖန်တာကနေ ဖောက်ထွင်းသမားနဲ့ပေါင်းပြီး အေတီအမ် ဖောက်တာအထိ မလုပ်ဖူးတာမရှိပါဘူး။ တစ်နေ့မှာတော့ ငွေလိုတာကြောင့် သူနဲ့ အေတီအမ် အတူဖောက်နေကျ ကောင်လေးကို အတင်းဖိအားပေးပြီး ရဲစခန်းဂိုဒေါင်ကိုဖောက်ဖို့ ကြံစည်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဖောက်ထွင်းတဲ့ ဂိုဒေါင်က မီးလောင်ပေါက်ကွဲပြီး အထဲကိုဝင်သွားခဲ့တဲ့ ဖောက်ထွင်းသမားက သေဆုံးသွားပါတော့တယ်။ ဖြစ်ချင်တော့ ဂိုဒေါင်ပေါက်ကွဲမှုက မတော်တဆဖြစ်တာမဟုတ်ဘဲ အကြီးစားလုပ်ငန်းစုကြီးတစ်ခုရဲ့ မသမာမှုတွေနဲ့ ဆက်စပ်နေခဲ့ပါတယ်။ ဂျိုဖီဟိုတစ်ယောက် ထင်မှတ်မထားဘဲ အဲဒီအရှုပ်အထွေးကြားထဲ ရောပါသွားတဲ့အခါ.... အကျင့်ပျက် ပြည်သူ့ဝန်ထမ်းတစ်ယောက် သူ့ထက်ပိုဆိုးယုတ်တဲ့ လူ့အသိုင်းအဝိုင်းကို အနိုင်ယူနိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစရာ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ Jo Pil Ho : The Dawning Rage ဆိုတဲ့ ဇာတ်လမ်းလေးကို M Sub Movie မှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်