7.4
8,369
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.8 GB

Credit

500

Ne Zha (2019)

Animation, Action, Adventure

Credits 500

ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ နီကျား ဆိုတဲ့ မီးခြေနင်း စီးပြီး မီးလှံ ကိုင်တဲ့ ကြာဖူးနတ်သား ကို မှတ်မိကြသေးလား ၂၀၁၉ ခုနှစ်မှာပဲ Ne Zha ဆိုတဲ့ Animation ရုပ်ရှင်ကားကို တရုတ်နိုင်ငံမှာ ရုံတင်ပြသခဲ့ပါတယ်… တရုတ်နိုင်ငံရဲ့ Animation ရုပ်ရှင်တစ်ကားအတွက် Box Office မှာ ၀င်ငွေအကောင်းဆုံး ရုပ်ရှင်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ် ငယ်ငယ်က ကြည့်ဖူးတဲ့ နီကျား နဲ့ ဇတ်လမ်းပုံစံ နဲနဲလေးကွဲသွားမယ်လို့ ထင်ရပေမဲ့ ငယ်ဘ၀ အငွှေ့အသက်လဲ မပျောက်သလို ဒီဇတ်လမ်းက အတော်လေး ကောင်းလွန်းပါတယ် Animation မှာလဲ အရမ်းကို ကောင်းမွန်လွန်းတယ် Action ခန်းတွေ တစ်ဝကြီး ကြည့်ချင်တဲ့သူတွေအကြိုက်ပါ လှပသေသပ်လွန်းပါတယ် ဒီဇတ်လမ်းမှာတော့ နီကျား ရဲ့ ဖြစ်တည်မှုကို အသေးစိတ်ပြထားပါတယ် နှစ်ထောင်ပေါင်းများစွာ အကြာက ခွန်လွန်း တောင်ပေါ် ပုလဲလုံးလေး တစ်လုံး ဖွားမြင်လာခဲ့တယ် ပုလဲလုံးလေး က သူလိုအပ်တဲ့ စွမ်းအင်တွေကို အလိုအလျှောက်သိမ်းယူနိုင်ခဲ့ပြီး ပင်ကိုယ်စိတ်ရင်းကောင်းပေမဲ့ မကောင်းဆိုးဝါးတွေ ရဲ့ စွမ်းအင်ကို သိမ်းမိရာကနေ စိတ်ဖောက်လာလို့ ခွန်လွန်းတောင် သူတော်စင် က ပုလဲလေးကို ထိန်းသိမ်းပြီး မိစ္ဆာနဲ့ သူတော်စင် ဆိုပြီး ပုလဲ ၂ လုံး ထပ်ခွဲလိုက်ပြီး ဂါထာအုပ် ပြီး တပည့်ဖြစ်သူ ဆရာတော် တစ်ပါးကို ထိန်းသိမ်းစေခဲ့တယ်…. သူတော်စင် ပုလဲက လူ့ပြည်က စစ်သူကြီး မိန်းမဆီ ကိုယ်ဝန်မှာ ၀င်စားရမှာ ဖြစ်ပြီး မိစ္ဆာပုလဲ ကတော့ ၃ နှစ်နေရင် အလိုအလျှောက် ဖျက်စီးခံရမှာ ဖြစ်တဲ့ ကျိန်စာ နဲ့ ချူပ်လိုက်ပါတယ် ဒါပေမဲ့ အလွဲလွဲ အမှားမှားတွေ လုပ်တက်တဲ့ ဆရာတော်ကြောင့် သူတော်စင်ကြီး ပေးထားတဲ့ တာဝန်တွေက ပျက်စီးကုန်ပါတယ် သူတော်စင်ပုလဲ အခိုးခံလိုက်ရပြီး မကောင်းဆိုးဝါး ပုလဲ က စစ်သူကြီး ဇနီးဆီမှာ ကိုယ်ဝန်တည်လိုက်ပါတယ်… မွေးဖွားလာတဲ့ ကလေးကတော့ မီးမိစ္တာ “နီကျား ” ဖြစ်ပါတယ်…