6.7
98,148
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.9 GB

Credit

500

Unfaithful (2002)

Drama, Romance, Thriller

Credits 500

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Unfaithful လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇနီးမောင်နှံဖြစ်လာရင် သစ္စာရှိဖို့က ဘယ်လောက်ထိ အရေးပါသလဲ...တစ်ဖက်ဖက်က သစ္စာဖောက်မိရင် ကွဲအက်သွားတဲ့ ဆက်ဆံရေးကို ပြန်ဆက်လို့ရနိုင်လား...အချင်းချင်း ချစ်နေဖို့အပြင် သစ္စာရှိဖို့ကလည်း အရေးကြီးတယ်ဆိုတာ အသိဝင်စေမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။အက်ဝဒ်နဲ့ကွန်နီတို့က အိမ်ထောင်သက် 11နှစ်ရှိပြီဖြစ်တဲ့ ဇနီးမောင်နှံပါ သူတို့မှာ သားလေးတစ်ယောက်လည်း ရှိပြီး ပျော်ပျော်ရွှင်ရွှင်နေလာကြတာပေါ့။ သူတို့က နေရာအနှံ့ခရီးထွက်ရင်း သားလေးအတွက် နယူးယောက်မြို့ထဲမဟုတ်ဘဲ ဆင်ခြေဖုံးရပ်ကွက်မှာ ပြောင်းနေခဲ့ပါတယ်။ သာယာနေတဲ့ သူတို့မိသားစုဆီကို လေမုန်တိုင်းနဲ့အတူ အနှောင့်အယှက်တစ်ခု ဝင်ရောက်လာပါတယ်။ ကွန်နီက မြို့ထဲကို အလုပ်ကိစ္စနဲ့လာရင်း လေမုန်တိုင်းကြောင့် ဒဏ်ရာရပြီး သူစိမ်းတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဲ့သူစိမ်းက သူမထက်ငယ်ပြီး ဆွဲဆောင်မှုရှိတဲ့ ပြင်သစ်ကောင်လေးပေါ့။ သူ့နာမည်က ပေါလ်မာတယ်တဲ့။ မာတယ်က ကွန်နီကိုစိတ်ဝင်စားနေပြီး မထိတထိ လုပ်တဲ့အခါ နဂိုက ငြိချင်နေတဲ့ ကွန်နီငလည်း မရှောင်နိုင်ဘဲ ပိုက်ကွန်ထဲတိုးဝင်မိပါတယ်။ ဒီလိုနဲ့ မာတယ့်တိုက်ခန်းမှာ သူတို့နှစ်ယောက် မကြာခဏတွေ့ပြီး ချစ်ကြည်နူးနေတာပေါ့။ ဒါပေမယ့် မဟုတ်တာလုပ်ထားသူတို့ထုံးစံအတိုင်း ကွန်နီမူပျက်နေတဲ့အခါ အက်ဝဒ်က ရိပ်မိသွားပါတယ်။ ဒီသုံးပွင့်ဆိုင် ဇာတ်လမ်းမှာ ‌အက်ဝဒ်က ဟိုနှစ်ယောက်ကို ဘယ်လိုစီရင်မလဲ...ခဏတာသာယာမှုနောက်လိုက်မိတဲ့ ကွန်နီကရော နောင်တရပါ့မလားဆိုတာ ရှုစားလို့ရပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်