တရုတ်နဲ့ဂျပန်စစ်ပွဲဖြစ်တုန်းက အခြေအနေတွေကို ပုံဖော်ထားတာပါ။ အဓိကကတော့ ချုံချင်းမြို့ကို ဂျပန်လေတပ်တွေ လေကြောင်းအရ စစ်ဆင်ပြီး ဗုံးကြဲတဲ့အချိန်ပေါ့။
တရုတ်လေတပ်နဲ့ဂျပန်လေတပ်က နည်းပညာအရ ကွာဟနေတဲ့အခါ တရုတ်လေတပ်သားတွေအဖို့ အပေါ်တက်တာဟာ သွားသေတာပဲလို့တောင် ပြောရတဲ့ထိ ဂျပန်တွေဆီမှာ ရှုံးပြီး တပ်သားတွေ ကျဆုံးနေကြပါတယ်။ မြို့တော်တွေကလည်း နေ့စဉ် ဗုံးကြဲခံနေရပြီး တရုတ်ပြည်သူတွေဟာ ပြန်လည် ထူထောင်လိုက် မီးငြိမ်းသတ်လိုက် ဗုံးရန်က ရှောင်လိုက်နဲ့ရှိနေရပါတယ်။
တိုင်းပြည်ကိုအစွမ်းကုန် ကာကွယ်ရင်း အသက်ပေးသွားရတဲ့စစ်သားတွေ စစ်ကြောင့် ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေ ကလေးငယ်တွေ နေ့စဉ်နဲ့အမျှတိုးလာနေပေမယ့် တရုတ်ပြည်သူတွေရဲ့ မလျော့သော ဇွဲလုံ့လနဲ့ စိတ်ဓာတ်ခွန်အားတွေကို မြင်တွေ့ရမှာပါ။ တစ်ချိန်က ကြိုက်ခဲ့တဲ့ကိုရီးယားမင်းသားဂျွန်စောလည်း ပါဝင်တာမို့ စစ်ကားကြိုက်သူတွေ အားပေးလို့ရပါပြီ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်