6.5
177,070
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.4 GB

Credit

500

Road Trip (2000)

Comedy

Credits 500

ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း လွမ်းကြောင်း ဗီဒီယိုလေးရိုက်ပို့တာက ကြည်နူးစရာပဲနော် ကဲ.. ကိုယ့်ချစ်သူကို တခြားကောင်မလေးနဲ့ ကိုယ်နဲ့အိပ်ထားတာကို ရိုက်ထားတဲ့ ဗီဒီယိုကိုမှားပို့လိုက်မိရင်တော့......... ဂျော့ရှ်ပါကာနဲ့ တစ်ဖ်နီ ငယ်ငယ်ကတည်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေ။ တစ်ယောက်နေမကောင်းရင် တစ်ယောက်က ဆေးရုံမှာလာစောင့်ပေးတဲ့အထိပါပဲ။ အရွယ်လေးရောက်လာတော့လည်း သိပ်ချစ်ကြတဲ့ချစ်သူတွေ ဖြစ်သွားကြတာပေါ့။ ကံကြမ္မာဆိုတာ အမြဲမျက်နှာသာပေးမနေတတ်ဘူးလေ။ သူတို့နှစ်ယောက် ကောလိပ်တက်ရတဲ့အချိန်ရောက်လာတော့ တစ်ယောက်တစ်နေရာစီ ကွဲသွားကြတယ်။ ဒါပေမဲ့ အမြဲအဆက်အသွယ်မပြတ်ပါဘူး။ ဖုန်းဆက်လိုက်၊ ဗီဒီယိုရိုက်ထားတဲ့ခွေလေးတွေ ပို့လိုက်နဲ့ပေါ့။ အနေဝေးတာက သူတို့အတွက် ပြသနာမရှိဘူး။ ဗီဒီယိုရိုက်ပို့တတ်တဲ့ ဂျော့ရှ်ကြောင့်ပဲ ပြသနာကစပါတော့တယ်။ ဖိုးသခွားလေးဂျော့ရှ်သူငယ်ချင်းတွေအမြောက်ကောင်းလို့ တသက်မှတခါ ကောင်မလေးတစ်ယောက်နဲ့အိပ်ဖူးပါတယ်။ သူတို့အတူအိပ်ထားတာကို ရိုက်ထားတဲ့ ဗီဒီယိုကို တစ်ဖ်နီကို မှားပို့လိုက်မိပါရော။ ကဲ ဂျော့ရှ်တစ်ယောက် ဘယ်လိုစခန်းသွားမလဲဆိုတာကိုတော့ ဆက်ပြီးကြည့်ရှုခံစားပေးပါဦး။ (18+ ဇာတ်ဝင်ခန်းများပါဝင်သောကြောင့် မိသားစုဝင်များနှင့်အတူ ကြည့်ရှုရန်မသင့်တော်ပါ။) ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ marip pan ဖြစ်ပါတယ်