ယွီလော့ရှလို့အမည်ရထားတဲ့မိန်းကလေးနဲ့သူ့ဂိုဏ်းဟာ နယ်စပ်နားကမင်ယွဲ့ခံတပ်မှာ နေထိုင်ကြပြီး ဆင်းရဲသားပြည်သူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီစောင့်ရှောက်ပေးနေတယ်။ ဒါပေမယ့် တိုင်းပြည်ကနေအလိုရှိနေတဲ့သူဖြစ်လို့ လိုက်ဖမ်းနေတဲ့သူတွေရှိတယ်။ ယွီံလော့ရှဟာ အချစ်ဆိုတာကို အပြင်းဆုံးအဆိပ်လို့ခံယူထားတဲ့သူဖြစ်ပြီး တစ်နေ့မှာတော့ ဝူတန်းဂိုဏ်းက ကျိုးရိဟန်ဆိုသူနဲ့တွေ့ဆုံခဲ့ပြီးချစ်ကျွမ်း၀င်ခဲ့ကြတယ်။ အချစ်ကိုအယုံကြည်မရှိခဲ့ဘဲ ရက်စက်ကြမ်းတမ်းတဲ့သိုင်းတွေကျင့်နေခဲ့တဲ့ ယွီလော့ရှဟာ ဆရာဖြစ်သူရဲ့သင်ကြားမှုတွေကြောင့် သစ္စာမဲ့တဲ့ယောက်ျားတွေကို မုန်းတီးလာခဲ့တာ သူချစ်ရတဲ့သူကပါ ကတိမတည်တဲ့သူဖြစ်သွားတော့ လုံး၀ကို ဆံဖြူမယ်စုန်းမလေးဖြစ်သွားခဲ့တယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်