8.0
5,335
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.3 GB

Credit

200

Made in Abyss: Dawn of the Deep Soul (2020)

Animation, Adventure, Drama

Credits 200

Made in Abyss:Dawn of the Deep Soulဇာတ်ကားကတော့ Made in Abyss 3ကားမြောက်အနေနဲ့ အရှေ့ကMovie 1,2 ရဲ့အဆက်အနေနဲ့ထွက်လာတဲ့ကားတစ်ကားပါ Rikoဆိုတဲ့ကောင်မလေးရဲ့အမေက Abyss ဆိုတာက ကမ္ဘာ့တွင်းနက်ကြီးထဲကို ၀င်ရောက်သွားပြီး သတင်းအစအနမရှိအောင် ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့တွင်းနက်ကြီးမှာ အလွှာ၆လွှာရှိပြီးတော့ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတွေကိုလည်းရှိနေတဲ့အတွက် လူတွေကအဲ့တွင်းကြီးထဲ၀င်ရောက်သွားပြီး လက်နက်မျိုးစုံကို တူးဖော်ဖို့ကြိုးစားကြတာဘဲဖြစ်တယ် Rikoရဲ့အမေကလဲ အဲ့လူတွေထဲက တစ်ယောက်ဘဲဖြစ်ခဲ့တယ်။Rikoဟာသူအမေမသေသေးဘူးယုံကြည်ထားတဲ့အတွက် သူပါအဲ့တွင်းနက်ထဲ၀င်ရောက်ပြီး သူ့အမေကိုလိုက်ရှာခဲ့တယ် အဲ့ထဲမှာဘဲ စက်ရုပ်ကလေးRegနဲ့ ယုန်ပုံစံကလေးမလေးNanachiကို တွေ့ပြီး သူတို့သုံးယောက်သားအတူတူ ခရီးကိုရှေ့ဆက်ခဲ့ကြတယ် ဒီကားမှာတော့ Rikoတို့သုံးယောက် တွင်းနက်အလွှာငါးလွှာကို ရောက်လာခဲ့ပြီဖြစ်တယ်။ဒီငါးလွှာမြောက်မှာ အရုဏ်ဦးအုပ်ချုပ်သူလို့ ခေါ်တဲ့ Bondrewd ဆိုတဲ့လူတစ်ယောက်ကိုတွေ့ဆုံခဲ့ကြတယ် သူကတော့ Nanachiနဲ့အတိတ်နဲ့ပတ်သတ်မှုရှိနေတဲ့လူတစ်ယောက်ဘဲဖြစ်တယ်။Rikoကလည်းBondrewdရဲ့သမီးဖြစ်သူ Prushka ဆိုတဲ့ကောင်မလေးနဲ့ရင်းနှီးသွားခဲ့တယ် Rikoတို့နောက်ဆုံးအလွှာကို သွားဖို့အတွက် လိုအပ်နေတဲ့သော့ကတော့ ခရာဖြူလို့ခေါ်တဲ့ရှေးဟောင်းပစ္စည်းတစ်မျိုးဘဲဖြစ်တယ် လောလောဆယ်မှာ Rikoကခရာနီအဆင့်ဘဲရှိသေးတာကြောင့် ခရာဖြူကိုရမှ သူတိုခရီးကိုရှေ့ဆက်နိုင်မှာပါ ဒါကြောင့်မို့လို့Rikoဟာ သူ့ခရာဖြူကိုရဖို့အတွက် ကြိုးစားရပါတော့တယ် Rikoတစ်ယောက်ခရာဖြူကိုရဖို့အတွက်ဘယ်လိုကြိုးစားမလဲနဲ့ Nanachiကရော Bondrewdနဲ့အတိတ်မှာဘယ်လိုပတ်သတ်မှုတွေရှိနေလဲဆိုတာ ကြည့်ရှုကြပါအုံး ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်