5.9
33,446
...

Video Quality

Blu-ray 1080p

Audio Quality

DTS HD 7.1

File Size

8.8 GB

Credit

500

Tiger Zinda Hai (2017)

Action, Adventure, Thriller

Credits 500

TZH ဇာတ်လမ်းဟာ ၂၀၁၄ ခုနှစ်က အီရတ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ဇာတ်ညွှန်းရေးထားပေမဲ့ ထပ်တူတူညီမူတော့ မရှိပဲ အများကြီး ကွဲပြားပါတယ်။ ၂၀၁၄ ဇွန်လမှာ ISIS အဖွဲ ့ဟာ သူတို ့ရုံးစိုက်ရာမြို ့ မိုဆူးလ်မြို ့အနီးမှာရှိတဲ့ အီရတ်အစိုးရ ထိန်းချုပ်ထားတဲ့ Tikrit ဆိုတဲ့ ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ Tikrit မြို ့ဆေးရုံမှာ အလုပ်လုပ်နေတဲ့ အိန္ဒိယနိုင်ငံသူ Nurse ၄၆ ဦးဟာ ISIS လက်အောက်မှာ ၂၃ ရက်ကြာ ဓါးစားခံအဖြစ် ထိန်းသိမ်းခံခဲ့ရပါတယ်။ အဲ့နောက်မှာ အိန္ဒိယအစိုးရ ရဲ့ စေ့စပ်ညှိနှိုင်းကြိုးစားမူနဲ ့ISIS အဖွဲ ့က သူနာပြု ၄၆ ယောက်လုံးကို ဘေးမသိ၊ရန်မခစေပဲ မိုဆူးလ်မြို ့နယ်စပ်ကို ပို ့ပေးခဲ့ကာ အိန္ဒိယ သံရုံးမှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး သူနာပြုအားလုံးဟာ Air India လေကြောင်းလိုင်းနဲ ့မိခင်နိုင်ငံကို ပြန်ခဲ့ကြတယ်။ သူနာပြုတွေ အိန္ဒိယရာက်တာနဲ ့မီဒီယာ အင်တာဗျူးတွေမှာ သူတို ့ကို ISIS က မနှိပ်စက်ကြောင်း၊အစားအသောက် နဲ ့ ရေ၊Air Con ၄ လုံးပါတဲ့ ဟောလ်ခန်းမ၊အိပ်ရာ စတာတွေကို စီစဉ်ပေးကြောင်း၊ဘဂ်ဒါးက်မှာရှိတဲ့ အိန္ဒိယသံရုံးနဲ ့၅မိနစ် တကြိမ် ဖုန်းပြောခွင့်ပြုကြောင်း၊မိသားစုနဲ ့လည်း ဖုန်းပြောဖို ့ခွင့်ပြုကြောင်း စတဲ့ အင်တာဗျူးတွေဟာ အိန္ဒိယမီဒိယာတွေမှာ အဲ့အချိန်က Headline ဖြစ်ခဲ့ပါတယ်။ သို ့သော် TZH ကတော့ အက်ရှင်အသားပေး ရုပ်ရှင် ဖြစ်တဲ့အတွက် ဇာတ်ညွှန်း ပြောင်းရေးထားပါတယ်။ သူနာပြုတွေကို အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲ သွားတာကို အိန္ဒိယရဲ့ အေးဂျင့်ဖြစ်တဲ့ စလ်မားန်ခါးန်နဲ ့ အဖွဲ ့က ဝင်ရောက်ကယ်ဆယ်တဲ့ပုံမျိုး trailer မှာ ပြသထားပါတယ်။သို ့သော် ပေါ်လစီနဲ ့ဆင်ဆာညှိမှာ ဖြစ်လို ့အချို့ကိုတော့ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ ISIS အဖွဲ ့နေရာမှာ ISC အဖွဲ ့လို ့သုံးနှုံးကာ ISIS တွေ အသုံးပြုတဲ့ အလံအနက်နေရာမှာ အလံ အနီရောင်ကို အသုံးပြုထားပါတယ်။သူနာပြုတွေ အလုပ်လုပ်တဲ့ဆေးရုံ အမည် Tikrit ကို Kritik လို ့ပြောင်းကာ သူနာပြုဦးရေကို ၄၆ ဦးမှ ၂၅ဦးလို ့အလှည့်အပြောင်းလုပ်ထားပါတယ်။ IS ခေါင်းဆောင်နေရာသရုပ်ဆောင်တဲ့ သူကိုတော့ ISIS မူလခေါင်းဆောင် အဘူဘကရ်ဘဂ်ဒါဒီကဲ့သို ့ ဝတ်ဆင်စေပြီး ရုပ်ရှင်ထဲက ဗီလိန်နံမည်ဖြစ်တဲ့ အဘူအွစ်မားန်ဆိုတာကလည်း ISIS ခေါင်းဆောင် အဘူဘကရ်ရဲ့ နောက်ထပ် အမည်တခုဖြစ်တဲ့ အဘူအွစ်မာန် ဟာစန်ဆိုတာကို ရည်ရွယ်ပြီးတော့ မှည့်ထားဟန်တူပါတယ်။အဲ့ဗီလိန်နေရာမှာ သရုပ်ဆောင်သူဟာ အီရန် ရုပ်ရှင်မင်းသားဖြစ်ပြီး ဘောလီးဝုဒ်မှာ သူ ့ရဲ့ ၃ ကားမြောက်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သူနာပြုတွေကို ကယ်တင်တာ တခုတည်းကို အခြေမပြုပဲ တခြားသော အက်ရှင် Scene တွေ၊Mission တွေကိုလည်း Salman နဲ ့ Katrina အတူတူ ဖြေရှင်းတာတွေ ပါမယ်ထင်တယ်။ ဒါရိုက်တာ Ali Abbas က ဒီရုပ်ရှင်ကို ပထမကားထက် ပိုမို ကောင်းမွန်အောင် ဖန်တီးထားတယ်လို ့လည်း မီဒီယာတွေကို စကားကျွံထားတဲ့အတွက် ထွေလာမှာ မပါဝင်တဲ့ ဇာတ်လမ်းမြုပ်ကွက်တခုခု ရှိမယ်လို ့ မျှော်လင့်ရပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်ပေးတာကတော့ Rium ဖြစ်ပါတယ်