6.2
2,066
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4 GB

Credit

200

Gangnam Blues (2015)

Action, Crime, Drama

Credits 200

ဂျုံဒယ်(Lee Min-Ho)နဲ့ ယုံဂီ(Kim Rae-Won)တို့ဟာ မိဘမဲ့ဂေဟာမှာတွေ့ဆုံခဲ့ကြပြီး ညီအစ်ကိုအရင်းတွေလိုနေထိုင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်က မိဘမဲ့ဂေဟာကနေထွက်လာပြီးတဲ့နောက် စားဝတ်နေရေးအတွက် အမှိုက်ကောက်တဲ့အလုပ်ကိုလုပ်ကြပါတယ်။ အနေအထိုင်အစားအသောက်ဆင်းရဲချို့တဲ့ကြတဲ့အတွက် လူတန်းစေ့နေလိုတဲ့စိတ်အပြည့်ရှိနေကြပါတယ်။ တစ်ရက်မှာနိုင်ငံရေးပါတီတစ်ခုရဲ့ညီလာခံကိုဖျက်ဆီးဖို့အတွက် လူမိုက်ဂိုဏ်းတစ်ခုရဲ့လူသစ်စုဆောင်းတဲ့အထဲမှာ သူတို့နှစ်ယောက်ပါသွားကြပါတယ်။ ရုန်းရင်းဆန်ခတ်အခြေအနေတွေကြောင့် သူတို့နှစ်ယောက်လူစုကွဲသွားကြပါတယ်။ ဂျုံဒယ်က ယုံဂီကိုလိုက်ရှာပေမဲ့ ရှာမတွေ့တော့ပါဘူး။ ဒီလိုနဲ့၃နှစ််ကြာလာတဲ့အခါ သူတို့နှစ်ယောက်စလုံး ဂိုဏ်းအသီးသီးရဲ့အဖွဲ့ဝင်တွေဖြစ်လာကြပါတယ်။ ဖြစ်ချင်တော့သူတို့ဂိုဏ်းနှစ်ခုဟာ နိုင်ငံရေးအရရော စီးပွားရေးအရပါပြိုင်ဆိုင်နေကြတဲ့ ပြိုင်ဘက်ဂိုဏ်းနှစ်ခုဖြစ်နေပါတယ်။ ဆင်းရဲချို့တာကိုမုန်းတီးကြတဲ့သူတို့နှစ်ယောက် အာဏာနဲ့လောဘတွေဖုံးလွှမ်းနေတဲ့နိုင်ငံရေးပဋိပက္ခတွေကြား ဘယ်လိုမကောင်းမှုပေါင်းစုံကိုလုပ်သွားကြမလဲ။ သူတို့လိုချင်ခဲ့ကြတဲ့ လူတန်းစေ့နေနိုင်တဲ့ဘဝမျိုးကိုရောရသွားကြပါ့မလား။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။