8.9
2,191,582
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.4 GB

Credit

200

Pulp Fiction (1994)

Crime, Drama

Credits 200

ဒီကားလေးကတော့ လူဆိုးဂိုဏ်းဝင် သေနတ်သမားနှစ်ယောက်၊ လက်ဝှေ့သမားတစ်ယောက်၊ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရယ် သူ့မိန်းမရယ် ပြီးတော့ စားသောက်ဆိုင်ကို ဓားပြတိုက်ဖို့ကြံစည်နေတဲ့ ဓားပြနှစ်ယောက်တို့အကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဂျူးလ်စ် ဝင်းဖီးလ်ဒ်နဲ့ ဗင်းဆင့် ဗေဂါတို့က ဂိုဏ်းအဖွဲ့ဝင်တွေဖြစ်ပြီ သူတို့ဆရာ ဂိုဏ်းခေါင်းဆောင် မာဆဲလပ်စ် ဝေါလက်စ်ရဲ့ အခိုးခံလိုက်ရတဲ့အိတ်ကို ပြန်ယူလာခဲ့ဖို့ တာဝန်ပေးခံထားရတာပါ။ ဝေါလက်စ်ဟာ ဗင်းဆင့်ကို သူမရှိတဲ့အချိန် သူ့မိန်းမ မီရာကို အပြင်လိုက်ပို့ပေးဖို့ ခိုင်းရလောက်တဲ့အထိ ဗင်းဆင့်တို့ကို ယုံကြည်ရပါတယ်။ ဘုချ် ကူးလစ်ချ်ကတော့ လက်ဝှေ့သမားတစ်ယောက်ဖြစပြီး ဝေါလက်စ်က ပြိုင်ပွဲမှာ တမင် အရှုံးပေးဖို့ သူ့ကို လာဘ်ထိုးထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဘုချ်က ပြိုင်ပွဲကို နိုင်အောင်ထိုးပြီးတော့ ဝေါလက်စ်ရဲ့ပိုက်ဆံကိုယူပြီး ထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ ပြီးတော့ စားသောက်ဆိုင်ကို ဓားပြတိုက်ဖို့ချောင်းနေတဲ့ ဓားပြအတွဲတစ်တွဲလည်း ရှိပါသေးတယ်။ ဒီကားလေးမှာတော့ အဲဒီ ဇာတ်ကောင်တစ်ကောင်ချင်းစီရဲ့ ဇာတ်လမ်းတွေနဲ့ ဇာတ်ကောင်တွေအချင်းချင်း ပတ်သတ်လာပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပြီး သွေးသံရဲရဲနဲ့ အက်ရှင်ပြကွက်တွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီ ဇာတ်ကား ကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်