7.0
256,932
...

Video Quality

Blu-ray 1080p

Audio Quality

DTS ES 5.1

File Size

3.7 GB

Credit

300

Spy (2015)

Action, Comedy

Credits 300

စပိုင်ကားတွေထဲမှာမှ ထူးထူးခြားခြားဧည့်သည်သရုပ်ဆောင် 50 Cent ပါဝင်ထားတဲ့ဟာသစပိုင်ကားလေးပဲဖြစ်ပါတယ်။အဲ့ဒီအပြင်ကိုမှဇာတ်ဆောင်မင်းသားအဖြစ်အက်ရှင်မင်းသားကြီး Jason Statham တစ်ယောက်လဲပါပါသေးတယ်။ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့အတော်တကာ့အတော်ဆုံးစပိုင်နဲ့အတူအလုပ်တွဲလုပ်နေတဲ့ကူးပါးဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။သူကတော့မြင်ဖူးနေကျစပိုင်ကားတွေထဲကလိုပဲကွန်ပြူတာနဲ့အနောက်ကနေပံ့ပိုးကူညီပေးနေတဲ့သူပဲဖြစ်ပါတယ်။တစ်နေ့မှာတော့သူ့တွဲဖက်စပိုင်ကနယူးကလီးယားဗုံးတစ်လုံးကိုပြန်ယူဖို့စစ်ဆင်ရေးလုပ်ရင်းနဲ့အသတ်ခံလိုက်ရပါတယ်။ဌာနရဲ့စပိုင်တွေရဲ့အချက်အလက်တွေကလဲအကုန်ပေါက်ကြားကုန်တော့သူတို့မှာရှိတဲ့စပိုင်တွေကိုလွှတ်ဖို့ကမဖြစ်နိုင်တော့ပါဘူး။ဒီလိုနဲ့ကူးပါးတစ်ယောက်သူ့ရဲ့လုပ်ဖော်ကိုင်ဖက်အတွက်လက်စားချေဖို့အတွက်ဒီစစ်ဆင်ရေးကိုထမ်းဆောင်ရင်းနဲ့ရယ်မောစရာအလွဲတွေကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်