8.2
1,050,592
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.5 GB

Credit

200

Jurassic Park (1993)

Action, Adventure, Sci-Fi

Credits 200

ဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည်IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင် ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကိုငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင်လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီးလျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီးထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့သတ္တဝါတွေကို သဘာဝတရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား