6.2
10,797
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.6 GB

Credit

200

The Catcher Was a Spy (2018)

Biography, Drama, History

Credits 200

ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကိုပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့်လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေသူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင်ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည်ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများကသတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်ကဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီးအားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည်မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA ဖြစ်လာမယ့် Office of Strategic Service(OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေးဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီးCIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြလုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်းဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ နေထိုင်ရင်းကွယ်လွန်ခဲ့တယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာ Moeရဲ့ပါဝင်ဆောင်ရွက်မှုတွေနဲ့ သူ့ရဲ့ စစ်ဆင်ရေးတွေကိုဘယ်သူမှမရိပ်မိခဲ့ပါဘူး။ အံ့သြစရာကောင်းလောက်အောင်လျှို့ဝှက်သူလို့ အများက မှတ်ချက်ချခဲ့တဲ့ Moeဟာအမေရိကန်အစိုးရက အရပ်သားတွေကို ချီးမြှင့်တဲ့အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ် Medal of Freedomကိုလက်မခံဘဲ ငြင်းပယ်ခဲ့သူပါ။ သူကွယ်လွန်ပြီးမှဒီဆုကို သူ့ကိုယ်စား သူ့ညီမက လက်ခံယူခဲ့တယ်။Moe Bergရဲ့ လျှို့ဝှက်လွန်းတဲ့ဘဝကိုThe Catcher Was a Spy ဆိုတဲ့နာမည်နဲ့စာရေးဆရာ Nicholas Dawidoffကဖွင့်ချလိုက်မှ Moe Bergရဲ့ သူလျှိုဘဝကိုသိခွင့်ရလာကြတယ်။ ဒီစာအုပ်ဟာလည်းBest Seller ဖြစ်ခဲ့တယ်။ ဒီစာအုပ်ကို အခြေခံပြီးဒါရိုက်တာ Ben Lewinက ရိုက်ကူးထားတဲ့The Catcher Was a Spy ရုပ်ရှင်ဟာဝေဖန်ရေးဆရာတွေကြားမှာ ထင်သလောက်အောင်မြင်မှုမရခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းကပဟေဠိတွေကို နှစ်သက်သူတွေအတွက်တော့အကြိုက်တွေ့မယ့်ရုပ်ရှင်ပါ။ Paul Rudd,Mark Strong, Tom Wilkinsonတို့လို့ဝါရင့်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပြီးမန်ဟတ်တန်စီမံကိန်းနောက်ကွယ်က ဖြစ်ရပ်တွေကိုအခြေခံထားတဲ့အတွက် စိတ်ဝင်စားစရာကောင်းပါတယ်။ဟီရိုးရှီးမားနဲ့ နာဂါစကီကို ဗုံးမချင်ခင်မှာအဏုမြူ ဗုံးထုတ်လုပ်ဖို့ ကြိုးစားနေကြတာဟာအမေရိကန်နဲ့ အင်္ဂလန်တို့ပဲမဟုတ်ပါဘူး။ ဂျပန်နဲ့ရုရှားတို့ကလည်း ဒီကိစ္စကို စိတ်ဝင်စားကြသလို(Thule)လို ဂမ္ဘီရစီမံကိန်းတွေကအစ မျိုးစုံစမ်းသပ်ခဲ့တဲ့ ဟစ်တလာရဲ့ ဂျာမနီဟာ သူများထက်ခြေလှမ်းတောင်သာနေပါသေးတယ်။ အမေရိကန်ရဲ့မန်ဟက်တန်စီမံကိန်းနဲ့အပြိုင် လိုက်နိုင်နေတာဟာနာဇီဂျာမနီဘက်မှာ ဗာနာဟိုင်ဇင်ဘာဂ်ဆိုတဲ့ထိပ်တန်းရူပဗေဒပညာရှင် ရှိနေလို့ပါပဲ။ဗာနာဟာ ၁၉၃၂ ခုနှစ်မှာ ရူပဗေဒနိုဘယ်ဆုရခဲ့ပြီးသူ့ရဲ့ မသေချာခြင်းသီအိုရီ( Heisenberguncertainty theory -1927)ဟာကမ္ဘာကျော်ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဂျာမန်သိပ္ပံပညာရှင်တွေဟာ အဏုမြူ ဗုံးအတွက်ခြေလှမ်းသစ်ဖြစ်တဲ့ အက်တမ်ကို စပြီး ဖြိုခွဲနိုင်ခဲ့ပြီ။မန်ဟတ်တန်စီမံကိန်းက သူတို့ကို အမီလိုက်ဖို့ပညာရှင်စုဆောင်းလို့ မပြီးသေးချိန်မှာ စိုးရိမ်စရာဖြစ်လာတာက Heavy waterလို့ခေါ်ကြတဲ့သာမန်ထက်ဟိုက်ဒရိုဂျင်အပြည့်ပါတဲ့ ရေကိုလွယ်လွယ်ဖန်တီးနိုင်တယ်လို့ ယူဆရတဲ့နည်းစနစ်ကို ဗာနာဟိုင်ဇင်ဘာဂ် ရထားပြီဆိုတဲ့သတင်းကြောင့်ပါပဲ။ ဗာနာကို မဖြစ်မနေ လုပ်ကြံဖို့အခြေအနေဖန်လာချိန်မှာ ဂျူ းလူမျိုး ဘေ့စ်ဘောကစားသမားဟောင်း Moeကို တာဝန်ပေးလိုက်တယ်။သူ့တာဝန်က ဗာနာဟိုင်ဇင်ဘာဂ်ကို တီးခေါက်မေးမြန်းပြီး ဂျာမနီဟာ အဏုမြုူ ဗုံး တည်ဆောက်နေတာဟုတ်မဟုတ်သိရအောင် လုပ်ပြီး အဏုမြူ ဗုံးတည်ဆောက်နေတာ သေချာရင် ဗာနာဟိုင်ဇင်ဘာဂ်ကိုပစ်သတ်ခဲ့ဖို့ပဲ။ တကယ်လက်တွေ့မှာတော့Moeဟာ ဗာနာကို မသတ်ခဲ့ဘူး။ မသတ်ခဲ့တဲ့အကြောင်းရင်းကို သူဘယ်တုန်းကမှ ရှင်းမပြခဲ့သလိုဗာနာဟိုင်ဇင်ဘာဂ်ကလည်း ဂျာမနီဟာအဏုမြူ ဗုံး တည်ဆောက်ခဲ့တာ ဟုတ်မဟုတ်ဖြေရှင်းချက် မပေးခဲ့ပါဘူး။ စစ်အပြီးမှာတော့ ဗာနာဟာဂျာမန်တွေသိုလှောင်ထားတဲ့ Heavy waterအားလုံးကို မဟာမိတ်တွေလက်ထဲ အပ်ခဲ့ပြီးသုတေသနအချက်အလက်တွေကို အမေရိကန်ကယူစစ်ဆေးခဲ့တယ်။(စစ်အေးကာလလွန်မှာအားလုံးကိုဂျာမနီလက်ထဲ ပြန်အပ်ခဲ့တယ်လို့ဆိုပါတယ်။) ပဟေဠိဆန်တဲ့ ရူပဗေဒပါမောက္ခနဲ့လျှို့ဝှက်တတ်တဲ့ဘေ့စ်ဘောသမားဟောင်း သူလျှိုတို့သူတို့ချင်းဆုံခဲ့တဲ့ညက ဘာတွေဖြစ်ခဲ့ကြလဲဆိုတာဘယ်သူမှမသိနိုင်တော့ပေမယ့် ဒီရုပ်ရှင်ကနေတစ်စွန်းတစ်စတော့ သိနိုင်လိမ့်မယ် ထင်ပါတယ်။