6.3
50,191
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.5 GB

Credit

200

Free Fire (2016)

Action, Comedy, Crime

Credits 200

ဆေးသမားနှစ်ယောက်ဖြစ်တဲ့ အိုင်းရစ်အမေရိကန် နွယ်ဖွား ညီအစ်ကိုနှစ်ယောက်ဟာ အရောင်းအဝယ်ကိစ္စတစ်ခုအတွက် သူတို့ရဲ့ထရပ်ကားကိုမောင်းပြီး ဂိုဒေါင်တစ်ခုကို သွားခဲ့ကြတယ်။ သူတို့နှစ်ယောက် ဂိုဒေါင်ကိုရောက်တဲ့အခါကြတော့ သူတို့ကိုစောင့်နေတာက IRA အဖွဲ့ဝင်တွေဖြစ်တဲ့ Christ နဲ့ Frank တို့ဖြစ်ပြီး ကြားက ဆက်သွယ်ပေးသူအဖြစ် Justine နဲ့ပါ တွေ့ခဲ့ပြီး ဂိုဒေါင်အပြင်ဘက်မှာစောင့်နေခဲ့တယ်။ နောက်ထပ်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ Ord ပါရောက်လာခဲ့ချိန်မှာ Ord ကိုယ်တိုင်ကပဲ သူတို့ကို ဦးဆောင်ပြီး ဂိုဒေါင်ထဲကို ခေါ်သွားခဲ့တယ် ။ ဂိုဒေါင်ထဲရောက်တဲ့အခါ သူတို့ကိုလက်နက်ရောင်းမယ့် Vernon နဲ့ အဖွဲ့တွေနဲ့ ဆုံကြတယ်။ လက်နက်အရောင်းအဝယ်ကိစ္စက ချောချောမွေ့မွေ့ပြီးသွားရမယ့်ဟာကို Vernon က သူတို့လိုချင်တဲ့လက်နက်ကို မှားပြီးယူလာတဲ့နောက်မှာ အဖွဲ့နှစ်ဖွဲ့ကြားမှာ တင်းမာမှုတွေဖြစ်ပြီးတော့ အမှားအယွင်းတွေဖြစ်ကုန်ကာ ဂိုဒေါင်ထဲမှာပဲတွယ်ကြတော့တယ် ။ တစ်ကားလုံး ဂိုဒေါင်ထဲမှာပဲ ပစ်ခတ်ကြပြီးတော့ နောက်ဆုံးမှာတော့ အသက်ရှင်ကျန်တဲ့သူတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ သူငယ်ချင်းတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး Sharlto Copley, မင်းသမီး Brie Larson (Cap Marvel) တို့နဲ့အတူ Peaky Blinders ထဲက မင်းသား Cillian Murphy အပြင် တခြားသရုပ်ဆောင်ကောင်းတွေနဲ့ အားဖြည့်ထားလို့ ကြည့်ရတာ တန်တဲ့ ကားကောင်းတစ်ကားဖြစ်တယ်လို့ အကြံပေးလိုက်ပါတယ်။