6.8
6,700
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.9 GB

Credit

200

The Suspect (2013)

Action, Thriller

Credits 200

မြောက်ကိုရီးယားနိုင်ငံရဲ့ ကြမ်းတမ်းလှတဲ့ လျှို့ဝှက်စစ်သင်တန်းကျောင်းတစ်ခုကနေ အောင်မြင်လာခဲ့တဲ့ Ji Dong Chul ( Gong Yoo ) ဟာ တောင်ကိုရီးယားဘက်ကို ရွှေ့ပြောင်းနေထိုင်ပြီး အငှားယာဉ်မောင်းအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေရာက ဇာတ်လမ်းကို စထားပါတယ်။ သူ့ရဲ့အလုပ်ရှင် ဟယ်ဂျူ Group ရဲ့ ဥက္ကဌဘတ် ကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ အသတ်ခံလိုက်ရတဲ့ အချိန် သူ့ကိုပဲ သံသယရှိသူဆိုပြီး အသားကုန်ကို လိုက်ဖမ်းကြတော့တာပါပဲ။ သူ့ကို သားအရင်းလို ချစ်မြတ်နိုးတဲ့ မွေးရပ်မြေတူက ဥက္ကဌကြီးကို တကယ်ပဲ Dong Chul က သတ်ခဲ့သလား သူကရော ဘာလို့တောင်ဘက်ကိုရွှေ့ပြောင်းထွက်ပြေးလာခဲ့ရလဲ ဆိုတာတွေ မေးခွန်းထုတ်နေရမယ့်အချိန်မှာ ဥက္ကဌကြီး မသေခင် ပေးသွားခဲ့တဲ့ မျက်မှန်တစ်စုံမှာလည်း လျှို့ဝှက်ချက်တွေပါနေပါသေးတယ်။ ဒီမျက်မှန်တစ်စုံနဲ့ သံသယတရားခံရမ်းပြေး Dong Chul က သဲကြီးမဲကြီးလိုက်ရှာချင်နေတဲ့ လူတစ်ယောက်လည်းရှိပါတယ်။ အဲ့ဒီ့အချိန် ဒီဘက်မှာတော့ တောင်ကိုရီးယားထောက်လှမ်းရေးဗိုလ်မှူးကြီး Min Se Hun ဆိုတဲ့ဇာတ်ကောင်က သူ့ရဲ့အထက်လူကြီးအမိန့်နဲ့ Dong Chul ကို ဖမ်းဖို့တာဝန်ပေးအပ်ခံလိုက်ရတာကို ပြထားပါတယ်။ ပထမဆုံးတွေ့ဆုံခြင်းမဟုတ်တဲ့ Dong Chul ကို ဗိုလ်မှူးကြီး Min Se Hun က ဘယ်လို ရေစက်တွေကြောင့် ထပ်တွေ့ဖို့ ဖြစ်လာတာလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းလွန်းပါတယ်။ Crime / Action Genre ကိုမှ Plot Twist တွေ တောက်လျှောက်တစ်ခုပြီး တစ်ခု ထုတ်ပြနေတဲ့အတွက် ဇာတ်ရှိန်ကတော့ လုံးဝမကျသွားပဲ တက်ပြီးရင်းတက်ပါပဲ။ 2013 ခုနှစ်က $9.5Million အကုန်အကျခံ ရိုက်ကူးထားတာဖြစ်ပြီး Box Office US $ 27 Million နီးပါးပြန်ရထားတာမို့လို့ Action Scene တွေမှာဆိုရင်လည်း တော်တော် သည်းထိတ်ရင်ဖိုရိုက်ကူးထားနိုင်တာကို တွေ့ရပါတယ်။ RT 78% နဲ့ IMDb 6.9 ထိရထားတာမို့လို့ တော်တော် Feedback ကောင်းတွေရထားတဲ့ Film တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ Gong Yoo ရဲ့ သရုပ်ဆောင်ချက်တွေအကြောင်းတော့ အားလုံးသိပြီးသားဖြစ်ပေမယ့် နာမည်ကြီး Co-Actor ကြီးတွေရဲ့ Supporting တွေကလည်း ထိမိလွန်းတာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို Character တိုင်းက ဆွဲခေါ်သွားနိုင်မှာ အသေအချာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thynn ဖြစ်ပါတယ်