App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Illusionist လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
ဒီတစ်ခေါက်မှာ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၀၆ ခုနှစ်က ထွက်ရှိထားတဲ့ Illusionist ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပုံစံကတော့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းမျိုးကိုမှ အချစ်လေးလည်း ပါဝင်အားဖြည့်ထားတဲ့ ဇာတ်လမ်းအမျိုးအစားတစ်ခုပါ။
ဒီဇာတ်လမ်းမှာ Illusionist ဆိုတဲ့အတိုင်း မျက်လှည့်ဆရာတစ်ယောက်ရဲ့ သဘာဝလွန် ပြကွက်တွေကို ကောင်းကောင်းကြီး ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။
မျက်လှည့်ဆရာတစ်ယောက်ဖြစ်တဲ့ အိုင်ဆန်ဟိမ်းနဲ့ ရှင်ဘုရင်စနစ်ကြားက အားပြိုင်မှုမှာ ချစ်ရတဲ့သူနဲ့ အတူရှိခွင့်ရဖို့ ဘယ်လိုမျိုး ကြိုးစားသွားမလဲဆိုတာ ဒီဇာတ်ကားကြည့်ပြီး အတူတူ စဉ်းစားကြည့်ရအောင်ဗျ။
ဒီဇာတ်ကားမှာ ပြသသွားမယ့် မျက်လှည့်ပြကွက်တွေက တကယ်ပဲ မျက်လှည့်လား ဒါမှမဟုတ် သဘာဝလွန်စွမ်းအားတွေလားဆိုတာကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့အထိ အံ့အားသင့်စရာကောင်းတဲ့ ပြကွက်တွေမို့လို့ မျက်လှည့်ကြိုက်သူများ နဲ့ သဘာဝလွန်စွမ်းအားတွေကို စိတ်ဝင်စားသူများအတွက် မျက်တောင်မခတ်တမ်း ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Arthur ဖြစ်ပါတယ်