5.3
4,845
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.1 GB

Credit

500

The Exorcism of God (2021)

Drama, Horror

Credits 500

သဘာဝလွန်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် 2021ခုနှစ်ထွက် The Exorcism of God ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ မက္ကဆီကိုမှာအလုပ်လုပ်နေတဲ့ အမေရိကန်ဘုန်းတော်ကြီး Peter Williams ဟာ မိန်းကလေးတစ်ယောက်ကိုပူးကပ်နေတဲ့နတ်ဆိုးကို အစွဲချွတ်ဖို့ကြိုးစားရင်း သူကိုယ်တိုင်ပူးကပ်ခံလိုက်ရပြီး ထိတ်လန့်ဖွယ်ရာမကောင်းမှုတစ်ခုကို ကျူးလွန်ခဲ့မိပါတယ်။ အဲဒီမကောင်းမှုအတွက် သူ့ခမျာ အပြစ်ရှိစိတ်ကိုခံစားရင်း အိပ်မက်ဆိုးတွေရဲ့ဒဏ်ကို အလူးအလဲခံစားခဲ့ရတယ်။ ၁၈နှစ်ကြာပြီးတဲ့နောက်မှာ သူကြုံတွေ့ခဲ့ရတဲ့နတ်ဆိုးပြန်ပေါ်လာပြီး နောက်ထပ်မိန်းကလေးတစ်ယောက်ကို ပူးကပ်ပြန်ပါတယ်။ ဖာသာPeter တစ်ယောက် သူကျူးလွန်ခဲ့တဲ့မကောင်းမှုကြောင့် အစွဲချွတ်နိုင်စွမ်းမရှိတဲ့အချိန် ထိုနတ်ဆိုးကို နှင်ထုတ်ဖို့အကြောင်းဖန်လာတဲ့အခါ ပူးကပ်ခံရတဲ့မိန်းကလေးကို သူဘယ်လိုကယ်တင်မလဲ။ သူကျူးလွန်ခဲ့တဲ့မကောင်းမှုရဲ့အပြစ်ဒဏ်တွေကနေ လွန်မြောက်နိုင်ပါ့မလား။ ကလေးသူငယ်များကြည့်ရှူရန်မသင့်သည့် ဇာတ်ဝင်ခန်းများပါဝင်ကြောင်း ကြိုတင်အသိပေးပါရစေ။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။