6.2
189,986
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.9 GB

Credit

200

Mama (2013)

Fantasy, Horror, Thriller

Credits 200

ဒီတစ်ခါ Horror movie ကတော့ သူ့ကလေးကို စွဲလန်းပြီး လိုက်ရှာနေတဲ့ မိခင်သရဲမအကြောင်းပါ။ 1987 ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ စတော့ဈေးကွက်ပျက်သုန်းခြင်းမှာ suiside တွေ လူသတ်မှုတွေအများအပြားပေါ်ပေါက်လာပါတယ်။ ဟိုးလ်ဒင်းကုမ္ပဏီက ပါတနာ ဂျက်ဖရီကလည်း စီးပွားပျက်ကပ်မှာ ဇနီးဟောင်းကို ကိုယ်တိုင်ပစ်သတ်ပြီး သမီးနှစ်ယောက်ကိုခေါ်လို့ ထွက်ပြေးခဲ့ပါတယ်။ ပြေးရင်းနဲ့ တောထဲက အိမ်လေးဆီရောက်သွားပြီး ကြံရာမရတဲ့အဆုံး သမီးတွေကိုပါ ပစ်သတ်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထဲက မူမမှန်တဲ့အရာနဲ့တွေ့ပြီး ဂျက်ဖရီ အရင် အသက်ဆုံးရှုံးသွားပါတယ်။ တစ်မိသားစုလုံး ပျောက်သွားတဲ့အတွက် ဂျက်ဖရီရဲ့ညီ လူးကပ်စ်က ရှိသမျှငွေအကုန်သုံးပြီး ရှာဖွေခဲ့ရာမှာ တူမလေးနှစ်ယောက်ကို ပြန်တွေ့ခဲ့ပါတယ်။ ကလေးငယ်တွေဖြစ်ပြီး တောထဲမှာ နေခဲ့ရလို့ အရိုင်းဆန်နေတာမှတ်ပြီး ဆရာ၀န်နဲ့ အနီးကပ်ကုသပေးခဲ့ပေမယ့် ကြာလာတာနဲ့အမျှ ကလေးတွေက လေထဲက တစ်ခုခုကိုစကားပြောနေပြီး ထူးထူးဆန်းဆန်းတွေ လုပ်လာတဲ့အခါ....သူတို့တွေ ခေါ်တဲ့ မာမားဆိုတာ ဘယ်သူလဲ....ဘယ်လိုနောက်ကြောင်းရာဇ၀င်တွေရှိလဲဆိုတာ....အသည်းအေးအေး ရင်တဖိုဖိုနဲ့ ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။