ရဲအရာရှိမာဖီနဲ့ အရာရှိလူးဝစ်ဟာ Detroid က လူဆိုးအဖွဲ့ကို လိုက်ဖမ်းခဲ့တယ်။ လူဆိုးအဖွဲ့ကို ခြေရာခံမိတဲ့အချိန် သူတို့နှစ်ယောက်တည်းဖြစ်နေတဲ့အတွက် တပ်ကူတောင်းပြီး အဲဒီအဖွဲ့ရှိတဲ့နေရာကို လိုက်သွားခဲ့တယ်။ ထုံးစံအတိုင်းပါပဲ တပ်ကူက အမြန်ရောက်မလာနိုင်ခဲ့ဘူး။ မာဖီက လူဆိုးတယောက်ကို ဖမ်းမိခဲ့ပေမယ့်
အင်အားတောင့်တဲ့လူဆိုးအဖွဲ့နဲ့ ရင်ဆိုင်ရတာဖြစ်လို့ ရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်။ သေဆုံးသွားတဲ့ မာဖီကို အိုစီပီကုမ္ပဏီက စက်ရုပ်ရဲအဖြစ် ဖန်တီးလိုက်တယ်။ စက်ရုပ်ရဲမာဖီက ရာဇဝတ်ကောင်တွေကို ဘယ်လိုနှိမ်နင်းမလဲဆိုတာကိုတော့ ဆက်လက်ပြီးခံစားကြည့်ရှုလိုက်ပါဦး။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Marip Pan ဖြစ်ပါတယ်