ဒီကားလေးကတော့ ၂၀၂၁ခုနှစ်ထွက် ဟောင်ကောင် မှုခင်းကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ လီရီဖုန်းဆိုတဲ့ကောင်လေးက မနက်နိုးလာတဲ့အချိန်မှာ သူ့ဘေးမှာ ကောင်မလေးတစ်ယောက်သေနေတာကို တွေ့လိုက်ရပါတယ်။ ရဲတွေကတော့ အရက်မူးပြီး အိပ်ပျော်သွားတယ်ဆိုတဲ့ သူ့စကားကို မယုံဘဲ သူ့ကို လူသတ်သမားဆိုပြီး စစ်ဆေးဖို့ ဖမ်းဆီးသွားပါတယ်။ နောက်မှသိလိုက်ရတာက သေသွားတဲ့မိန်းကလေးက ဟောင်ကောင်သူဌေးကြီးတစ်ယောက်ရဲ့ သမီးဖြစ်နေတာပါပဲ။ လီရီဖုန်းဘက်ကတော့ ရှေ့နေလွေယိုဖေးနဲ့ ရှေ့နေဟော်တို့က ရှေ့နေလိုက်ပေးဖို့ အကြောင်းဖန်လာပါတယ်။
အဲဒီရှေ့နေနှစ်ယောက်က အမှုကို တစ်ဆင့်ပြီးတစ်ဆင့်ဖြေရှင်းကြပုံကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ရိုးရိုးလူသတ်မှုလို့ထင်ထားတဲ့အမှုမှာ နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေ ပတ်သတ်နေတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ၊ တကယ့်လူသတ်သမားက ဘယ်သူဖြစ်မလဲ၊ အမှုကို ဘယ်လို ပါးပါးနပ်နပ်နဲ့ ဖြေရှင်းကြမလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းအောင်