6.3
4,762
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

Rampant (2018)

Action, Drama, History

Credits 200

Train to busan ဇာတ်ကားနဲ့ တစ်ကမ္ဘာလုံးမှာ ဝက်ဝက်ကွဲပေါက်ခဲ့တဲ့ Next Entertainment & Media ရဲ့ ဒုတိယခြေလှမ်းကတော့ Zombie တွေကို ကိုရီးယား နန်းတွင်းထဲ ဂျိုဆွန်းခေတ်ထိပို့လိုက်တာပါပဲ။ နာမည်ကျော်မင်းသား ဟွမ်ဘင်း (Hyun Bin) နဲ့ ဂျန်ဒေါင်ဂန် (Jang Dong-gun) ကို ခေါင်းဆောင်ပါဝင်ထားပြီး နိုင်ငံရေးအာဏာပြိုင်မှုနဲ့ Zombie တွေရဲ့ ပြန့်နှံ့မှုကို ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းအိုင်ဒီယာကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ ချင်နိုင်ငံရဲ့ ပဏ္ဏာဆက်နိုင်ငံဖြစ်နေတဲ့ ဂျိုဆွန်းရဲ့နိုင်ငံရေးကို အဓိကချယ်လှယ်ထားသူကဝန်ကြီး ကင်မ်ဂျာဂျွန်း (ဂျန်ဒေါင်ဂင်)။ လက်ရှိနန်းတင်ထားတဲ့ မင်းကြီးက သားနှစ်ယောက်ရှိပေမယ့် တစ်ယောက်က နိုင်ငံရေးသဘောတူညီချက်အရ ချင်နိုင်ငံကို ပို့ထားရတဲ့ လီချန်း (ဟွမ်ဘင်း)။ လီချန်းက အဲ့ခေတ်မှာ အတော်ဆုံးတိုက်ခိုက်ရေး ပညာရှင်။ ဒါကြောင့်လည်း ချင်နိုင်ငံဘုရင်က သူ့ကို ခေါ်ထားရတာ၊ ဂျိုဆွန်းမှာ ကျန်ခဲ့တဲ့ သားကြီး လီယွန်းကလည်း ခေသူမဟုတ်။ ချင်နိုင်ငံကို ရရာလက်နက်နဲ့ တော်လှန်ဖို့ လုပ်နေသူ။ ဒါပေမဲ့ ချင်နိုင်ငံနဲ့ ပနံသင့်တဲ့ ဝန်ကြီးကင်မ်ဂျာဂျွန်းရဲ့စနက်နဲ့ ဇီဝိန်ချုပ်သွားရ။တစ်ချိန်တည်းမှာပဲ ဂျယ်မူပိုဆိုတဲ့ ဆိပ်ကမ်းမြို့မှာလည်း နိုင်ငံခြားကုန်သင်္ဘောကတစ်ဆင့်ပါလာတဲ့ Zombie virus ကလဲစပြီးပြန့်နေချိန်မှာပဲ ဂျိုဆွန်းကိုပြန်လာတဲ့မင်းသားလီချန်းတစ်ယောက်ဂျိုဆွန်းမြေကိုစနင်းတဲ့အချိန်မှာပဲထူးဆန်းတဲ့အဖြစ်ပျက်တွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ကြုံတွေ့ရသောအခါ.......... ဝန်ကြီးရာထူးရတာ အားမရသေးဘဲ မင်းကြီးဖြစ်ဖို့ပါကြံနေတဲ့ကင်မ်ဂျာဂျွန်းရဲ့လျှို့ဝှက်အစီအစဉ်တွေက ဘာတွေလဲ။အလျှင်အမြန် ပြန့်နှံ့နေတဲ့ Zombie တွေရဲ့ အန္တရာယ်ကနေကော ဂျိုဆွန်းပြည်သူတွေ လွတ်မြောက်နိုင်မလား။ Entertain ဖြစ်လွန်းတဲ့ ဇာတ်လမ်းကြောင့် ပရိသတ်ကြိုက်ခဲ့တဲ့ Train To Busan လိုပဲRampant ဇာတ်ကားကလည်း ပရိသတ်အကြိုက်ဖြစ်နေဦးမှာပါ။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Nyi Nyi ဖြစ်ပါတယ်