6.4
227,768
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.8 GB

Credit

100

Pain & Gain (2013)

Action, Biography, Comedy

Credits 100

ကာယနည်းပြဆရာ Daniel Lugo (Mark Wahlberg)သည်သူ၏လက်ရှိဘဝကိုမရောင့်ရဲနိုင်။ သူသည်သည့်ထက်ပိုကောင်းမွန်သော ဘဝနှင့်ထိုက်တန်သည်၊ သူသည် do-er တစ်ယောက်ဖြစ်သည်ဟု သူ့ဘာသာသူခံယူထားသည်။ သည်တွင်သူ့ခေါင်းထဲပေါ်လာသည့်အကြံက သူလေ့ကျင့်ပေးနေရသော နောက်ကြောင်းမရှင်းသည့် သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲရန်။ သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် body builder, Adrien Doorbal (Anthony Mackie)၊ ထောင်မှထွက်လာတာမကြာသေးသည့် ခပ်အူအူ Paul Doyle (Dwayne Johnson) တို့ကိုဤစီမံကိန်းကြီးထဲ ဆွဲသွင်းနိုင်ခဲ့သည်။ သူတို့သုံးယောက်၏အတွေ့အကြုံမပြည့်ဝမှု၊ အူတိအူကြောင်နိုင်မှုတို့ကြောင့် စီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ရပေမယ့် နောက်ဆုံးမှာတော့ လိုအပ်သည်ကိုရအောင်ယူနိုင်ခဲ့ပါသည်။ သို့သော်မကောင်းမှုတို့၏ထုံးစံအတိုင်း သူတို့ကိုအလွတ်စုံထောက်တစ်ယောက်က ခြေရာခံမိလာသည့်အခါ၊ အလုံးအရင်းနှင့်ဖြစ်သော ပိုက်ဆံတို့ကိုထိန်းသိမ်းနိုင်သည့်စွမ်းရည် သူတို့မှာမရှိသည့်အခါ အမှောင်မိုက်ဆုံးသောဒုစရိုက်မှုကို သူတို့ကျုးလွန်မိကြတော့သည်။ ဤကားတွင် Dwayne Johnson ကိုအူကြောင်ကြောင်ဇာတ်ရုပ်အဖြစ်အသက်သွင်းထားသည်မှာ ဟာသမြောက်ပါသည်။ ကျန်သောဇာတ်ကောင်စရိုက်နှစ်မျိုးကလည်းသူ့ဟာနှင့်သူတော့ အူကြတာပါပဲ။ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိကြသောကြောင့်လည်း ခါးသီးသောအကျိုးဆက်ကိုသူတို့ခံစားကြရခြင်းဖြစ်သည်။ တွေးကြည့်လျှင် ကရုဏာသက်စရာဖြစ်သော်လည်း Director Michael Bay ကတော့ထေ့ချင်ပြုံးချင်စရာဖြစ်အောင်သာ ရိုက်ပြထားသည်။ တင်ပြပုံကလည်းသူ့အရင်ဇာတ်ကားများနှင့်ကွဲပြားသည်။ American dream နောက်သို့မရပ်မနားလိုက်နေကြသော သူတို့ကိုသံဝေဂရစေချင်သည်ထက် လောင်ပြောင်သရော်လိုသော ဆန္ဒကပိုမည်ထင်ပါသည်။ ဖြစ်ရပ်မှန်ကိုအခြေခံထားသောဇာတ်ကားကောင်းတစ်ကားဟုညွှန်းဆိုလိုပါသည်။