5.6
22,699
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.4 GB

Credit

500

The Kitchen (2019)

Action, Crime, Drama

Credits 500

Hell’s Kitchen လို့ခေါ်တဲ့ နယ်မြေလေးမှာ လူမိုက်အဖွဲ့ ကျင်လည်ကျက်စားပါတယ်။ ဆက်ကြေးကောက်လိုက် လူသတ်လိုက် ဓားပြတိုက်လိုက် လုပ်နေတဲ့အဖွဲ့ပါ ဇာတ်လမ်းအဖွင့်မှာတော့ လူမိုက်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ ရော့ဘ်၊ ကယ်ဗင်နဲ့ ဂျင်မီတို့ သုံးယောက်သားဟာ ဆိုင်တစ်ဆိုင်ကို ဓားပြဝင်တိုက်ရင်း အက်ဖ်ဘီအိုင်ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ် တစ်ရက်နှစ်ရက်နေရင် လွတ်လာမယ်ထင်ပေမယ့် ဗဟိုကတိုက်ရိုက်ကိုင်တာမို့လို့ ထောင်သုံးနှစ်စီ အသီးသီးကျသွားတဲ့အခါမှာတော့ သူတို့ရဲ့အဖွဲ့က လစ်တဲဂျက်ကီ ဆိုတဲ့တစ်ယောက်စီ ခေတ္တလွှဲပြောင်းပေးခဲ့ရပါတော့တယ် သူတို့မိန်းမတွေကို အချင်းချင်းစောင့်ရှောက်ပေးထားမယ်ထင်ပေမယ့် မသထာရေစာ လောက်သာ ပေးကမ်းထားတဲ့အခါမှာတော့ မိန်းမသားတန်မဲ့ လူမိုက်အဖွဲ့ထောင်ဖို့ ဇာတ်လမ်းဖန်လာပါတော့တယ် ဆက်ကြေးပေးပေမယ့် ကာကွယ်ပေးခြင်းမခံရတဲ့ဆိုင်တွေ.. ဆက်ကြေးကောက်ထားပေမယ့် ဘာတစ်ခုမှပြန်မလုပ်ပေးတာတွေကို သူတို့ပြုပြင်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ လူမိုက်ဖွဲ့ထောင်လိုက်တာ ယောကျာ်းတွေထက်ရော လက်ရှိ လူမိုက်အဖွဲ့ထက်ပါ လက်ဇောင်းတွေထက်ကုန်လို့ ရဲတွေရော နာမည်ကြီးလူမိုက်အဖွဲ့တွေကပါ သူတို့ကို ပြောင်းစောင့်ကြည့်ရတဲ့အဆင့်ရောက်သွားပါတော့တယ် စိတ်နဲ့မတည့်ရင်သတ်ထည့်လိုက်တဲ့အဆင့်ထိ ကြမ်းလာတဲ့အခါမှာတော့ ဂိုဏ်းထဲမှာအချင်းချင်း သွေးကွဲမှုတွေ ပေါ်ပေါက်လာပါတော့တယ် အဲဒီအချိန်မှာပဲ သူတို့ကိုအနိုင်ကျင့်တတ်တဲ့ သူတို့ယောကျာ်းတွေက စောပြီးလွတ်လာတဲ့အခါမှာတော့… သူတို့တွေဆက်လက်ရပ်တည်နိုင်ပါ့မလား အနိုင်ကျင့်တတ်တဲ့ယောကျာ်းတွေလက်ကလွတ်နိုင်ပါ့မလား လူမိုက်ဂိုဏ်းကိုမိန်းမသား ၃ ယောက်တည်းနဲ့ ဦးဆောင်နိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ တချိန်းချိန်းချမနေပေမယ့် တဒိုင်းဒိုင်းနဲ့တော့သတ်နေတဲ့ကားပါ ရန်သူကိုလည်းသတ်ပါတယ် အချင်းချင်းလည်းသတ်ပါတယ် ဘာမှသတ်စရာမရှိရင် အမျိုးအချင်းချင်းပြန်သတ်ပါတယ်