ဒီဇာတ်လမ်းလေးကတော့ ၂၀၂၂ခုနှစ် ဂျူလိုင်လမှာ ထွက်ရှိခဲ့တဲ့ စိတ်ကူးယဥ် သိပ္ပံ အက်ရှင် ဇာတ်လမ်းလေးပါ။ ဂြိုဟ်သားတွေဟာ သူတို့ဂြိုဟ်က ပါရိုဆိုတဲ့ အပြစ်သားတွေကို ကမ္ဘာပေါ်က လူတွေရဲ့ ခန္ဓာကိုယ်မှာ ပိတ်လှောင်ထားကြပါတယ်။ ဂိုလျောခေတ်မှာ လူ့ခန္ဓာကိုယ်က လွတ်မြောက်သွားတဲ့ အပြစ်သားကိုဖမ်းဖို့ အစောင့်စက်ရုပ်နဲ့ မိုးကြိုးဆိုတဲ့ ပရိုဂရမ်တို့က အချိန်တံခါးဖွင့်ပြီး ဂိုလျောခေတ်ဆီ ရောက်လာခဲ့တယ်။ အပြစ်သားကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် အပြစ်သားကို လက်ခံထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးက သေဆုံးသွားတာကြောင့် သူ့ရဲ့ မွေးကင်းစကလေးကို အစောင့်စက်ရုပ်နဲ့ ပရိုဂရမ်က ယနေ့ခေတ်ဆီ ခေါ်လာပြီး ပြုစုပျိုးထောင်ခဲ့တယ်။ ဒီလိုနဲ့ ၁၀နှစ်အကြာမှာ ကမ္ဘာမြေပေါ် ထပ်ရောက်ရှိလာတဲ့ အပြစ်သားတွေထဲ ထိန်းချုပ်သူဆိုတဲ့ ပုန်ကန်ဖို့ကြိုးစားနေသူ ဂြိုဟ်သား ပါလာခဲ့တယ်။ အဲဒီဂြိုဟ်သားရဲ့ နောက်လိုက်တွေ ကမ္ဘာမြေဆီ လိုက်ပါလာပြီး သူတို့ရဲ့ အစီအစဥ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့တယ်။ သူတို့ရဲ့ အစီအစဥ်ဆိုတာကတော့ ကမ္ဘာ့လေထုကို သူတို့ဂြိုဟ်နဲ့တူအောင် ပြောင်းလဲပြီး ကမ္ဘာပေါ်မှာ ပိတ်မိနေတဲ့ အပြစ်သားအားလုံးကို လွှတ်ပေးဖို့ပါပဲ။ အစောင့်စက်ရုပ်နဲ့ ပရိုဂရမ်တို့က အဲဒီအဖြစ်အပျက်ကို တားဆီးဖို့အတွက် စွမ်းအင်ဓားနဲ့ အချိန်တံခါးဖွင့်ပြီး ထိန်းချုပ်သူကို ဂိုလျောခေတ်ဆီ ခေါ်လာတော့တယ်။ ထိန်းချုပ်သူကို မခြေမှုန်းနိုင်လိုက်ပေမယ့် အချိန်တံခါးပိတ်သွားတာကြောင့် ဂိုလျောခေတ်မှာပဲ ပိန်မိနေပြီး လက်ခံသူ ခန္ဓာကိုယ်အသစ် ရှာပြီးတော့ ပုန်းနေခဲ့တယ်။ အချိန်တံခါးကို ဖွင့်နိုင်ပြီး ထိန်းချုပ်သူကို အပြတ်ရှင်းနိုင်မယ့် စွမ်းအင်ဓားကတော့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆယ်နှစ်အကြာ စွမ်းအင်ဓား ပြန်ပေါ်လာချိန်မှာတော့....
ထိန်းချုပ်သူဝင်ရောက်သွားတဲ့ လက်ခံသူ လူသားက ဘယ်သူဖြစ်မလဲ၊ ထိန်းချုပ်သူက ဓားကို ရှာတွေ့ပြီး သူ့အစီအစဥ်ကို အကောင်အထည်ဖော်နိုင်မှာလား၊ မတူညီတဲ့ အချိန်စက်ဝန်းနဲ့ ခေတ်၂ခေတ်ကို ဘယ်လိုဆက်စပ်ရိုက်ကူးထားတယ်ဆိုတာ Alienoid: Part 1 ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။
ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ June Rose ဖြစ်ပါတယ်။