6.8
3,658
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Spellbound (2011)

Comedy, Fantasy, Horror

Credits 200

သရဲတစ်ကောင်က ကိုယ့်အနားမှာ အမြဲရှိနေမယ်လို့တွေးဖူးပါသလား။ ကိုယ့်အနားမှာ ရှိနေမယ့်အပြင်ကို ကိုယ်နဲ့အနီးပတ်ဝန်း‌ကျင်ကလူတွေကိုပါ လိုက်ခြောက်လှန့်နေမယ်ဆိုရင်ရော။ ဒီဇာတ်ကားလေးထဲမှာ ယော်ရီဆိုတဲ့ကောင်မလေးဟာ ငယ်ငယ်ကတည်းကနေ အရွယ်ရောက်တဲ့ထိ သရဲတစ်ကောင် ကိုယ့်အနားမှာစွဲကပ်‌လျက် နေလာခဲ့ရသူပါ။ သို့ပေမယ့် အဲ့ဒီလို သရဲစွဲကပ်နေတာကလည်း နောက်ကွယ်မှာ အကြောင်းအရင်းရှိပါတယ်။ သရဲစွဲကပ်‌တဲ့အပြင် ကိုယ့်အနားကလူတွေကိုပါ ခြောက်လှန့်နေတော့ ယော်ရီတစ်ယောက် သူငယ်ချင်းလည်းမရှိ ရည်းစားလည်းထားလို့မရဘဲ ဘဝကို တစ်ယောက်တည်း အထီးကျန်ပြီးနေရပါတယ်။ ပြောကြတဲ့စကားအတိုင်းပါပဲ။ ချစ်တဲ့သူကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ချစ်ကြမှာပါပဲ။ ဒီလိုနဲ့ ယော်ရီတစ်ယောက်လည်း အချစ်ဆိုတာကိုကြုံလာရတဲ့အခါ သူ့ကိုချစ်တဲ့သူနဲ့ရော ဘယ်လိုတွေကြုံကြရမလဲဆိုတာကို ကြည့်ကြရမှာပါ။ သရဲကားဆိုပေမယ့်လို့ အရမ်းကြောက်ဖို့ကောင်းတာမျိုးမဟုတ်ဘဲ ဟာသလေးနှော အချစ်လေးလည်းပါတာမလို့ Comedy-Romanceအမျိုးအစားလို့ပြောလို့ရပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့နာမည်ကြီး ဗိုလ်ကြီးဖြစ်သူရဲ့ပူပူနွေးနွေးဇနီးချောလေးဖြစ်တဲ့ Son Ye-Jinနူနားနဲ့အတူ ခုလက်ရှိ Ongoing Dramaတစ်ခုဖြစ်တဲ့ My Liberation Notesရဲ့မင်းသားတစ်ဦးဖြစ်တဲ့ Lee Min Kiတို့က သရုပ်ဆောင်ပေးထားပါတယ် ဒီ ဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zane ဖြစ်ပါတယ်