7.0
5,116
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.1 GB

Credit

200

Promare (2019)

Animation, Action, Adventure

Credits 200

ကမ္ဘာ အနှံအပြားမှာ မီးကို ထိန်းချုပ်တဲ့ “Burnish” ခေါ် သန္ဓေပြောင်းလူသား တွေရုတ်တရက်ပေါ်ထွက်လာပြီး လူသားမျိုးနွယ်တွေကြား သေကြေပျက်စီးမှုများစွာ ဖြစ်ပွားစေခဲ့ပါတယ်။ ဒီ သန္ဓေပြောင်းလူသားတွေကြောင့် ကမ္ဘာ့မီးလောင်မှုကြီးဖြစ်ပွားခဲပြီး ကမ္ဘာလူဦးရေ 50% ခန့်ဟာ ဒီမီးလောင်ပျက်စီးမှု ဒဏ်​တွေ ကို ခံစားခဲ့ကြရပါတယ် ဒီလိုနဲ့ နှစ်ပေါင်း ၃၀ အကြာမှ ဒီလို Burnish တိုက်ခိုက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။Promepolis မြို့ဟာ အုပ်ချုပ်ရေးမှူး Kray Foresight ရဲ့ ဦးဆောင်မှုကြောင့် မြင့်မားတဲ့ နည်းပညာတွေနဲ့ အလွန်တိုးတက်တဲ့ မြို့တစ်ခုပဲဖြစ်ပါတယ် Galo Thymos ဟာ Promepolis မြို့ရဲ့ Burning Rescue ဆိုတဲ့ မီးသတ်ကယ်ဆယ်ရေး အဖွဲ့မှာ ဘယ်အရာကိုမဆို တက်တက်ကြွ​ကြွလုပ်ဆောင်တတ်တဲ့ ကယ်ဆယ်ရေးတပ်သား လူငယ်တစ်ယောက်ပါ။ မြို့တွေကို မီးရှို့ဖျက်စီးတတ်တဲ့ “Mad Burnish” လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့ ရဲ့ ခေါင်းဆောင် Lio Fotia နဲ့ တွေ့ဆုံပြီးနောက် Galo ဟာ “Burnish” ခေါ် သန္ဓေပြောင်းလူသား တွေရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို သိလာပြီး ဘယ်လိုအမှန်တရားတွေရှာတွေ့သွားမလဲ ဘယ်သူတွေနဲ့ တိုက်ခိုက်ရမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမဲ့ Anime Movie တစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Khaing Zay Shune Lei ဖြစ်ပါတယ်