5.8
3,445
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

3.9 GB

Credit

500

Bigfoot Family (2020)

Animation, Adventure, Family

Credits 500

ဒေါက်တာဟယ်ရီဆန်ဆိုတာက သုတေသန မတော်တဆမှုတစ်ခုကြောင့် ခြေထောက်ကြီးလူ၀ံဘ၀ကိုရောက်သွားရတဲ့ သုတေသနပညာရှင်တစ်ဦးပါ။ကြီးလာတဲ့ခြေထောက်နဲ့အတူတူ တခြားအစွမ်းတွေလည်းရရှိထားပါသေးတယ်။သူ့ရဲ့သားလေးဖြစ်သူ အက်ဒမ်ကတော့ ဖခင်ဆီက မျိုးဗီဇကိုဆက်ခံပြီး အပြေးမြန်ပြီးစွမ်းအားတွေရှိသူတစ်ဦးပေါ့။တောနက်ထဲမှာပဲနေခဲ့တဲ့ ဒေါက်တာဟယ်ရီဆန်တစ်ယောက် လူ့အသိုင်းအ၀ိုင်းအလယ်ရောက်လာချိန်မှာ ဘစ်ဖုဒ်ဆိုရဲ့နာမည်ကျော် လူ၀ံတစ်ယောက်ဖြစ်လာပါတော့တယ်။နာမည်ကြီးလာတာနဲ့အမျှ ဒေါက်တာဟယ်ရီဆန်ရဲ့ဆန္ဒကတော့ သူ့ရဲ့ကျော်ကြားမှုအစွမ်းတွေကို ကမ္ဘာကြီးကို ပိုပြီးကောင်းမွန်လာစေချင်တာပါ။သူရဲ့အဲဒီဆန္ဒကြောင့် အလက်စကာမှာရှိတဲ့ ဂေဟဗေဒပျက်စီးနိုင်မှု အန္တရာယ်ကိုသွားစုံစမ်းရင်းနဲ့ နောက်ကွယ်မှာရှိတဲ့ဘာပြဿနာတွေကိုတွေ့လာရမလဲ?သူ့မိသားစုနဲ့ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ အဆုံးထိ မငြီးမငွေ့ကြည့်ရှုရမယ့်ကားလေးပါ။စိတ်လှုပ်ရှားပျော်ရွှင်ပြီး မိသားစုနဲ့အတူတူကြည့်လို့ရမယ့် ဒီကားလေးရဲ့ နာမည်ကတော့ Bigfoot Family(2020)ပါ။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Myat Eaindray Khaing ဖြစ်ပါတယ်